ရေဦးမြို့တွင် မဲရုံပြုလုပ်မည့်နေရာများအား မီးဘေးကြိုတင်ကာကွယ်လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ရေဦး နိုဝင်ဘာ ၂၇

ရေဦးမြို့နယ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို အပိုင်း (၂) ဖြစ်သည့် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်နေ့တွင် ကျင်းပပြုလုပ်မည်ဖြစ်သည့်အတွက် မဲရုံများတွင် မီးဘေးအန္တရာယ်ကင်းရှင်းစေရေး ကြိုတင်ကွင်းဆင်းစစ်ဆေးခြင်းများကို နိုဝင်ဘာ ၂၇ ရက် နံနက် ၉ နာရီက မြို့နယ်မီးသတ်ဦးစီးမှူး ဦးဆာမူအဲလ် ဦးဆောင်ပြီး မီးသတ်တပ်ဖွဲ့ဝင်များက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မဲရုံအဖြစ် ဆောင်ရွက်မည့် အ.ထ.က(၁)၊ အ.ထ.က(၂) ရှိ မဲရုံများအား ရွေးကောက်ပွဲမကျင်းပမီ၊ ကျင်းပနေစဉ်နှင့် ကျင်းပပြီးကာလများတွင် မီးလောင်မှု၊ မီးလန့်မှုများ မဖြစ်ပွားစေရေး၊ မီးသတ်ဆေးဗူးများ ထားရှိရေးတို့အတွက် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ရေဦးမြို့နယ်၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအား မြို့ပေါ် (၅) ရပ်ကွက်၊ ကျေးရွာအုပ်စု (၂) အုပ်စုတို့တွင် စုစုပေါင်းမဲရုံ (၁၂) ရုံဖြင့် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်ဆက်)