တမူးမြို့၌ မဲဆန္ဒရှင်စာရင်းများ (ဒုတိယ) အကြိမ် ကြေညာထားရှိမှု ပြည်သူများ လာရောက်ကြည့်ရှုမှု ပိုမိုများပြားလာ

တမူး နိုဝင်ဘာ ၂၈

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့တွင် မဲဆန္ဒရှင်စာရင်းများ (ဒုတိယ) အကြိမ် ကြေညာမှုကို နိုဝင်ဘာ (၂၁  ရက်မှစတင်၍ ရပ်ကွက်/ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးရုံးများ၌ ကြေညာထားရာ ပြည်သူများ လာရောက်ကြည့်ရှုမှု (ပထမ) အကြိမ်ထက် ပိုမိုများပြားလာကြောင်း သိရသည်။

တမူးမြို့နယ်တွင် ရပ်ကွက် (၄)ရပ်ကွက်၊ ကျေးရွာအုပ်စု (၁) အုပ်စု၊ မဲရုံပေါင်း (၂၆) ရုံရှိပြီး (ဒုတိယ) အကြိမ် ကပ်ထားကြေညာသည့် မဲဆန္ဒရှင်ဦးရေပေါင်း (၃၆၆၁၃) ဦးရှိကြောင်းနှင့် အဆိုပါမဲဆန္ဒရှင်စာရင်းများ ကြေညာထားခြင်းကို နိုဝင်ဘာ (၂၁)ရက်မှ ဒီဇင်ဘာ(၄)ရက်ထိ (၁၄)ရက်ကြာ ကြေညာထားမည်ဖြစ်ပြီး မဲဆန္ဒရှင် ပြည်သူများအနေဖြင့်  မိမိအမည် မဲစာရင်းတွင် မပါဝင်ပါက ပုံစံ(၃)၊ ကန့်ကွက်လိုပါက ပုံစံ(၄)၊ အချက်အလက်များ မှားယွင်းနေပါက ပုံစံ(၄-ဂ) တို့ဖြင့် သက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် ပုံစံရယူလျောက်ထားနိုင်ကြောင်း သိရသည်။

အဆိုပါ( ဒုတိယ)အကြိမ် မဲဆန္ဒရှင်စာရင်းများ ကြေညာထားရှိမှုကို တမူး ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းကိုကိုနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲမှုနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ကျော်မိုးနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များက သွားရောက်စစ်ဆေးလျက်ရှိပြီး မဲဆန္ဒရှင်စာရင်းများ လာရောက်ကြည့်ရှုကြရန် သက်ဆိုင်ရာဌာနဆိုင်ရာများပူးပေါင်း၍ ရပ်ကွက်များနှင့် လူစည်ကားရာနေရာများတွင် လိုက်လံအသိပေးနိုးဆော်လျက်ရှိကြောင်း သိရသည်။

ရတနာ