ကန့်ဘလူ နိုဝင်ဘာ ၂၈
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ ဝန်ထမ်းများ စွမ်းဆောင်ရည်မြင့်မားရေးနှင့် သတင်းရေးသားရာတွင် အထောက်အကူပြုစေရန်၊ အရည်အသွေးကောင်းမွန်သော သတင်းများရေးသားနိုင်စေရန် ရည်ရွယ်၍ သတင်းရေးသားနည်းသင်တန်း အမှတ်စဥ်( ၄/၂၀၂၅)ကို နိုဝင်ဘာ ၂၅/ ၂၆ ရက် နှစ်ရက်ကြာ ဖွင့်လှစ်သင်ကြားခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခိုင်ဇင်က သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ကြောင်းနှင့် သင်တန်းသို့ သင်တန်းသား၊ သင်တန်းသူ ၅ ဦးတက်ရောက်ခဲ့ကြပြီး သတင်းရေးသားနည်း၊ သတင်းအရင်းအမြစ်ရှာဖွေခြင်း၊ သတင်းလိုက်ခြင်း၊ သတင်းအခြေခံဖွဲ့စည်းတည်ဆောက်ပုံ စသည့် ဘာသာရပ်များကို စာတွေ့လက်တွေ့ သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)