မြင်းမူမြို့တွင် မဲရုံပြုလုပ်မည့်နေရာများအား မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေး

စစ်ကိုင်း နိုဝင်ဘာ ၂၈

မြင်းမူမြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့နယ်လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးအဖွဲ့များ၊  သက်ဆိုင်ရာ မဲရုံမှူးများနှင့်ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက မြင်းမူမြို့ပေါ်ရှိ မဲရုံကျင်းပပြုလုပ်မည့် နေရာများတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက်  လိုက်လံစစ်ဆေးဆောင်ရွက်ခဲ့သည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြင်းမူမြို့နယ် မီးသတ်ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးကျော်ကျော်ဦး ဦးဆောင်ကြီးကြပ်မှုဖြင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များက မြင်းမူမြို့ပေါ်ရှိ အ.ထ.က(၁)၊ အ.ထ.က(၂)တို့တွင် မဲရုံတည်ဆောက်မည် နေရာများ၌  မီးငြိမ်းသတ်ရေးပစ္စည်းနှင့် မီးသတ်ဆေးဘူးများ ထားရှိမှုနှင့် ကောင်းမွန်ခြင်း ရှိ/မရှိ၊ လျှပ်စစ်မီးသွယ်တန်းထားရှိမှု အခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

နေလင်းအောင်(ပြန်/ဆက်)