ဖောင်းပြင်မြို့၌ ဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေး စာဖတ်ဝိုင်းဆွေးနွေး

ဖောင်းပြင် နိုဝင်ဘာ ၂၈

ဖောင်းပြင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေးအတွက် စာဖတ်ဝိုင်းများကို လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စီစဉ်ကျင်းပလျက်ရှိရာ "နိုင်ငံ့ဝန်ထမ်းကျင့်ဝတ်ဆိုင်ရာစံတန်ဖိုးများ" "စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၁၁ နာရီအချိန်က ပြုလုပ်သည်။

ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးဇော်လင်းအောင်က ဝန်ထမ်းများအနေဖြင့် ရုံးလုပ်ငန်းတာဝန်များကို သိရှိနားလည်ပြီး မိမိတို့တာဝန်ယူဆောင်ရွက်ရသော လုပ်ငန်းတာဝန်များကို ထိရောက်မြန်ဆန်စွာ ဆောင်ရွက်နိုင်စေရန်ရည်ရွယ်၍ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း စာဖတ်ဝိုင်းကျင်းပပြုလုပ်ရသည့် ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။

ထို့နောက် စာဖတ်ဝိုင်းအား ဦးဇာနည်ထွန်း (ရုပ်သံကျွမ်းကျင်-၃) က ဦးဆောင်ဆွေးနွေးပြီး သက်ဆိုင်ရာခေါင်းစဉ်အလိုက် ဝန်ထမ်းများက ဆွေးနွေးကြသည်။ ထိုသို့ဝန်ထမ်းများ၏ ဆွေးနွေးမှုများအပေါ် မြို့နယ်ဦးစီးမှူးက ပြန်လည်ဆွေးနွေးခဲ့သည်။

စာဖတ်ဝိုင်းတွင် "နိုင်ငံ့ဝန်ထမ်းကျင့်ဝတ်ဆိုင်ရာစံတန်ဖိုးများ" စာအုပ်တွင်ပါရှိသော ရည်ရွယ်ချက်၊ နိုင်ငံ့ဝန်ထမ်းများထားရှိရမည့် စံတန်ဖိုးများသတ်မှတ်ချက်များ၊ ပြည်သူဗဟိုပြုနိုင်ငံ့ဝန်ထမ်းများ ဖြစ်လာစေရန် ကတိကဝတ်ပြုခြင်း၊ လုပ်ငန်းတာဝန်များကို ဇွဲ၊ လုံ့လ၊ ဝီရိယဖြင့် တိကျမှန်ကန် မြန်ဆန်ထိရောက်စွာ ဆောင်ရွက်ခြင်း၊ ဆန်းသစ်တီထွင်နိုင်မှုနှင့် ယှဉ်ပြိုင်နိုင်မှုစွမ်းရည်ရှိခြင်း၊ ရိုးသားဖြောင့်မတ်ခြင်း၊ ဂုဏ်သိက္ခာရှိခြင်းနှင့် ယုံကြည်ထိုက်ခြင်း၊ ထူးချွန်ပြောင်မြောက်မှုနှင့် အတတ်ပညာဆိုင်ရာ ကျွမ်းကျင်မှုရှိခြင်း၊ အားလုံးပါဝင်၍ ပူးပေါင်းညှိနှိုင်းဆောင်ရွက်မှုရှိခြင်း၊ ဘက်လိုက်မှုကင်းခြင်း၊ အဂတိကင်းရှင်းခြင်း၊ တရားမျှတစွာဆောင်ရွက်မှုရှိခြင်း၊ ပွင့်လင်းမြင်သာမှု၊ တာဝန်ယူမှုနှင့် တာဝန်ခံမှုရှိခြင်း၊ အထွေထွေစသည့် ခေါင်းစဉ်များဖြင့် ဆွေးနွေးခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)