မုံရွာ နိုဝင်ဘာ ၂၉
စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှကြီးမှူးကျင်းပသော မုံရွာမြို့ပေါ်ရှိ ပရိယတ္တိစာသင်တိုက်ကြီး ၆ တိုက်မှ ဆရာတော်၊ သံဃာတော်များအား ဆွမ်းနှင့်ဆွမ်းဟင်း လောင်း လှူပွဲနှင့် သီလရှင်ကျောင်းတိုက် ၇ ကျောင်းမှ သီလရှင်ဆရာကြီး/ဆရာလေးများအား ဆွမ်းဆန်စိမ်းများလောင်းလှူပွဲကို နိုဝင်ဘာ ၂၉ ရက် နံနက်ပိုင်းတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးဝန်းအတွင်း ကျင်းပသည်။
ဆွမ်းဆန်စိမ်းလောင်းလှူပွဲသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့် ဌာနဆိုင်ရာများမှ အရာထမ်း၊ အမှုထမ်းများ၊ MSME လုပ်ငန်းရှင်များ၊ ကိုယ်ပိုင်ကျောင်းများ၊ ဆေးရုံများ၊ လျှပ်စစ်ပစ္စည်းဆိုင်များ၊ ကုန်မာဆိုင်များနှင့် စက်သုံးဆီဆိုင်များမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ တာဝန်ရှိသူများ၊ အလှူရှင်များက ပင့်သံဃာဆရာတော်၊ သံဃာတော်များအား ဆွမ်း၊ဆွမ်းဟင်း၊ သစ်သီး၊ အချိုပွဲများနှင့်ဝတ္ထု ငွေများအားလောင်းလှူခဲ့ကြပြီး သီလရှင်ဆရာကြီး၊ ဆရာလေးများအား ဆွမ်းဆန်စိမ်း၊စား သုံးဆီနှင့်လှူဖွယ်ဝတ္ထုများအား ဆက်ကပ်လောင်းလှူကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့အား မြို့အင်္ဂါအရပ်နှင့်အညီ သန့်ရှင်းသပ်ရပ်သာယာလှပစေရေး၊ ယာဉ်အန္တရာယ်၊လမ်း အန္တရာယ်ကင်းရှင်းစေရေးနှင့် ရပ်ကွက်နေပြည်သူများ စိတ်အေးချမ်းသာစွာဖြင့် နေထိုင် သွားလာနိုင်ရေးအတွက် မုံရွာမြို့ပတ်လမ်းမှ ဘိုးဘွားရိပ်သာအဝိုင်းလမ်းဆုံအထိ ရထားသံလမ်းတစ်လျှောက်အား ဌာနဆိုင်ရာများမှ ဝန်ထမ်းများနှင့် ရပ်ကွက်နေပြည်သူများ စုစုပေါင်းအင်အား ၅၀၀ကျော်ဖြင့် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်နေမှုကို လိုက်လံကြည့်ရှုသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများဆောင်ရွက်ခဲ့ကြသည့် ဌာနဆိုင်ရာများမှဝန်ထမ်းများနှင့် ရပ်ကွက်နေပြည်သူများအား တိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနနှင့် ဆီကုန်သည်ကြီးများအသင်းမှ စား သုံးဆီများအား ဈေးနှုန်းသက်စွာဖြင့်ရောင်းချပေးနေမှုများအား ကြည့်ရှုအားပေးခဲ့ကြပြီး သန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်ခဲ့ကြသူများအား နံနက်စာများဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြသည်။
အလားတူ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ နာဂကိုယ်ပိုင်အုပ်ခွင့်ရဒေသနှင့် ခရိုင် ၁၃ ခရိုင်တွင် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် စည်ပင်သာယာရေးအဖွဲ့များ စုစုပေါင်းအင်အား ၁၅၀၀ ဖြင့် မြို့သန့်ရှင်းသာယာလှပရေးလုပ်ငန်းများအား စုပေါင်းဆောင်ရွက်ခဲ့ကြသည်။
ညနေပိုင်းတွင် မုံရွာမြို့၊ ပြည်သူ့ဥယျာဉ်အတွင်း ကျင်းပပြုလုပ်လျက်ရှိသည့် အသေးစား၊အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းထုတ်ကုန်များ ဈေးရောင်းပွဲတော်သို့ ရောက်ရှိရာ တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များမှထွက်ရှိသည့် ဒေသထွက်ကုန်များ၊ အဝတ်အထည်များ၊ လူသုံးကုန်များ၊ စားသောက်ကုန်များ၊ အိမ်သုံးအလှဆင်ပစ္စည်းများ၊ တိုင်းရင်းသားရိုးရာပစ္စည်းများ၊ တိုင်းရင်းဆေးများ၊ မွေးမြူရေးထုတ်ကုန်အရောင်းပြခန်း များနှင့်စားသောက်ဆိုင်ခန်း စုစုပေါင်း(၉၈)ခန်းကျော်ဖြင့် ပြသရောင်းချနေမှုများနှင့် ကလေးကစားကွင်းတို့အား လိုက်လံကြည့်ရှုခဲ့ကြပြီး ဈေးရောင်းပွဲတော်သို့ လာရောက်ကြသည့် ဌာနဆိုင်ရာများမှဝန်ထမ်းများ၊ တက္ကသိုလ်/ဒီဂရီကောလိပ်များမှ ကျောင်းသား၊ ကျောင်းသူများနှင့် မြို့နေပြည်သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ကာ နိုင်ငံကျော်အဆိုတော်များ၏ တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေမှုများအား ဈေးရောင်းပွဲတော် သို့လာရောက်ကြသည့် ဌာနဆိုင်ရာဝန်ထမ်းများနှင့်ပြည်သူ (၅၀၀၀၀)ကျော် တစ်ပျော် တစ်ပါး အားပေးနေမှုများအား ကြည့်ရှုခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး၊ပြန်/ဆက်