ကျွန်းလှ ဒီဇင်ဘာ ၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ဒုတိယအကြိမ် မဲစာရင်းများ ကပ်ထားကြေညာရာ မဲဆန္ဒရှင်စာရင်းနှင့် မြေပြင်စာရင်းမှန်ကန်ပြည့်စုံစေရေးအတွက် Door to Door တစ်အိမ်တက်ဆင်း ကွင်းဆင်းကောက်ယူလျက်ရှိသည်။
ကျွန်းလှမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ (၁၁) ရက်တွင် ကျင်းပမည်ဖြစ်ရာ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ မဲစာရင်းမကျန် ရှိရေးအတွက် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးဘုန်းမြင့်နိုင် ဦးဆောင်ကြီး ကြပ်သော တာဝန်ရှိသူများပူးပေါင်းအဖွဲ့က မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများတွင် နိုဝင်ဘာ ၂၈ ရက်မှ ဒီဇင်ဘာ ၄ ရက်အထိ မြေပြင်ကွင်းဆင်း ကောက်ယူမည်ဖြစ်ကြောင်း သိရသည်။
မျိုးဝင်းညို ကျွန်းလှ