ကသာမြို့နယ်၌မဲစာရင်းမှန်ကန်မှုရှိစေရေးdoor to door စနစ်ဖြင့် တစ်အိမ်တက်ဆင်း ကွင်းဆင်းစစ်ဆေး

ကသာ   ဒီဇင်ဘာ ၂

စစ်ကိုင်းတိုင်းဒေသကြီး ကသာမြို့နယ်ရှိ မြို့ပေါ်ရပ်ကွက်များသို့ ဒုတိယအကြိမ်ကြေညာထားသည့် မဲဆန္ဒရှင်စာရင်းနှင့် မြေပြင်စာရင်းမှန်ကန်မှုရှိစေရေးအတွက် တာဝန်ရှိသူများမှ နိုဝင်ဘာ ၂၈ ရက်နေ့ နံနက်ပိုင်းမှစတင်၍ ဒီဇင်ဘာ ၅ ရက်နေ့အထိ တစ်အိမ်တက်ဆင်း ကွင်းဆင်း ဆောင်ရွက်နေကြောင်း သိရသည်။

ကသာမြို့နယ်တွင် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ၂၈ရက်နေ့၌ ကျင်းပမည့်ပါတီစုံဒီမိုကရေစီ အထွေထွေ‌ရွေးကောက်ပွဲအားအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲဆန္ဒရှင်ပြည်သူများ ဆန္ဒမဲပေးပိုင်ခွင့် ဆုံးရှုံးမှုမရှိစေရေးနှင့် မဲစာရင်းများ ပြည့်စုံမှန်ကန်စေရေးအတွက် အသက်(၁၈) နှစ်ပြည့်ပြီး မဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်များ မဲစာရင်းတွင် ပါဝင်မှုရှိ/မရှိကို အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးအဖွဲ့နှင့် တာဝန်ရှိသူများကရပ်ကွက်/ကျေးရွာများအလိုက် door to door စနစ်ဖြင့်တစ်အိမ်တက်ဆင်းတိုက်ဆိုင် စစ်ဆေးဆောင်ရွက်လျက်ရှိရာ ကသာခရိုင် နှင့်မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက အနီးကပ်ကြီးကြပ်၍ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကြသည်။

မဲဆန္ဒရှင်ပြည်သူများ၏ နိုင်ငံသားအခွင့်အရေး မဆုံးရှူံးစေရန်အတွက်မဲဆန္ဒရှင်စာရင်းများကို ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်များမှ‌သက်ဆိုင်ရာရပ်ကွက်/ ကျေးရွာများတွင်ဒုတိယ အကြိမ်မဲဆန္ဒရှင်စာရင်းများကို နိုဝင်ဘာလ(၂၁)ရက်‌နေ့မှ စတင်ကာ ဒီဇင်ဘာလ(၄) ရက်နေ့ အထိ ကြေညာထားရှိရာ မဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်ပြည်သူများမဲစာရင်းတွင် ပါရှိရေးအတွက် သတ်မှတ်ရက်အတွင်း အမည်ထည့်သွင်းပေးရန်တောင်းဆိုခြင်း၊ ကန့်ကွက်ခြင်း၊ ပြင်ဆင်လွှာ တင်သွင်းခြင်းများပြုလုပ်ရန် door to door  စနစ်ဖြင့်ဆောင်ရွက်လျက်ရှိကြောင်းသိရှိရသည်။

ခရိုင်ပြန်ဆက်