ကသာမြို့၊ အထက(၁) အောင်ဆန်းခန်းမ၌ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ကို အသုံးပြု၍စမ်းသပ်မဲပေးခြင်းအခမ်းအနားပြုလုပ်

ကသာ ဒီဇင်ဘာ  ၂

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ကျင်းပသွားမည့် လွတ်လပ်၍တရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအောင်မြင်စွာကျင်းပသွားနိုင်ရေးနှင့် မဲဆန္ဒရှင်များ မှန်ကန်မြန်ဆန် လွယ်ကူစွာ ဆန္ဒမဲပေးနိုင်ရန်ရည်ရွယ်ချက်ဖြင့် မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ကို အသုံးပြုနည်းလက်တွေ့စမ်းသပ် ဆန္ဒမဲပေးခြင်းအခမ်းအနားကို ယနေနံနက် (၁၀)နာရီအချိန်က ကသာမြို့ အထက(၁) အောင်ဆန်းခန်းမ၌ ကျင်းပပြု လုပ်ခဲ့ပါသည်။

အဆိုပါ အခမ်းအနားတွင်ကသာခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်စွာထွန်းက အဖွင့်အမှာစကားပြောကြားပြီး ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးအောင်မင်းဦးက MEVM စက်အ‌ကြောင်းနှင့် ပတ်သက်၍ရှင်းလင်း ပြောကြားခဲ့သည်။

ထို့နောက် အခမ်းအနားသို့တက်ရောက်လာကြသည့် ခရိုင်စီမံခန့်ခွဲ‌ရေး နှင့်အုပ်ချုပ်ရေး‌ ကော်မတီ ဥက္ကဋ္ဌ ဦးကျော်စွာထွန်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေး‌ကော် မတီဥက္ကဋ္ဌ ဦးသန်းထွန်းနှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်ဌာနဆိုင်ရာဝန်ထမ်းများ၊ ပါတီလွှတ်တော် ကိုယ်စားလှယ်လောင်များနှင့် ရပ်ကွက်/ကျေးရွာ‌အုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ အဖွဲ့ဝင်များနှင့်‌ ကျောင်းသား/သူတို့က လက်တွေ့သရုပ်ပြ စမ်းသပ်မဲပေးခြင်းများကို ပြုလုပ်ခဲ့ကြပြီး အဆိုပါမဲသရုပ်ပြပွဲသို့စုစု‌ပေါင်း အင်အား(၃၀၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။      

ခရိုင်ပြန်/ဆက်