စစ်ကိုင်းမြို့၌ ဒို့အတူတူမဲပေးကြမယ် အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေ

စစ်ကိုင်း ဒီဇင်ဘာ ၃

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့၌ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ပြည်သူများအားလုံး ပါဝင်နိုင်ရန်အတွက် “ဒို့အတူတူမဲပေးကြမယ်” အသိပညာပေးလက်ကမ်းစာ စောင်များကို စစ်ကိုင်းခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများက ယမန်နေ့နံနက် ၁၀ နာရီအချိန်တွင် စစ်ကိုင်းမြို့ရှိ ထုံးဘိုရပ်ကွက်၊ ပတ္တမြားရပ်ကွက်၊ မြို့သစ်ရပ်ကွက်နှင့် လူစည်ကားရာနေရာများ၌ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အဆိုပါလက်ကမ်းစာစောင်တွင် ဒီမိုကရေစီပြန်လည်ဖော်ဆောင်ဖို့အတွက် ရွေးကောက်ပွဲမှလွဲ၍ အခြားနည်းလမ်းမရှိပါ၊ ပြည်သူများလိုလားသည့် ဒီမိုကရေစီနိုင်ငံတော်ကို ရွေးကောက်ပွဲဖြင့်သာ ဖော်ဆောင်နိုင်ပါသည်၊ ဒီမိုကရေစီခိုင်မြဲဖို့ မဲရုံသွားပြီး မဲပေးကြပါစို့၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ ဦးဆောင်နိုင်သူရွေးချယ်ကြပါစို့စသည့် အကြောင်းအရာများပါဝင်ကြောင်း သိရသည်။     

အေးငြိမ်းစံ

ခရိုင် (ပြန်/ဆက်)