ကယားပြည်နယ်ဝန်ကြီးချုပ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

လွိုင်ကော် ဒီဇင်ဘာ ၄

ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးလျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်သည် တာဝန်ရှိသူများ လိုက်ပါလျက် ယမန်နေ့နံနက်က လွိုင်ကော်မြို့၊ ပြည်နယ်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း၊ ဝန်ထမ်းအိမ်ရာ တည်ဆောက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ ပြည်နယ်လျှပ်စစ်ဓာတ်အားဖြန့်ဖြူရေးလုပ်ငန်း၊ ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာရုံး ရှင်းလင်းဆောင်၌ ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာက ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စုရန်ပုံငွေဖြင့် ဆောက်လုပ်လျက်ရှိသည့် (၇၈) ပေx (၅၇) ပေ (၄) ခန်းတွဲ (၄) ထပ် ဝန်ထမ်းအိမ်ရာ တည်ဆောက်နေမှုအခြေအနေများအား ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က လုပ်ငန်းအား ငလျင်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စံချိန်စံညွှန်းများနှင့်ကိုက်ညီအောင် တည်ဆောက်ရန်၊ သတ်မှတ်အရည်အသွေးပြည့်မီစွာဖြင့် သတ်မှတ်ကာလအမီပြီးစီးအောင် ဆောင်ရွက်ရန်နှင့် လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေး ဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာရုံးဝင်း အတွင်း (၄) ခန်းတွဲ (၄) ထပ်ဝန်ထမ်းအိမ်ရာ တည်ဆောက်ခြင်းလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများနှင့် ဝန်ထမ်းအိမ်ရာများ စနစ်တကျနေရာချထားမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)