ပေါင်မြို့နယ်၌ကုန်စျေးနှုန်းများတည်ငြိမ်ကျဆင်းစေရေးအခြေခံစားသောက်ကုန်စည်များရောင်းချပေးလျက်ရှိ

ပေါင်       ဒီဇင်ဘာ   ၄

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ ကုန်စျေးနှုန်းများတည်ငြိမ်ကျ ဆင်းစေရေးအခြေခံစား သောက်ကုန် စည်များရောင်းချပေးခြင်းကို ယနေ့ယမန်နေ့နံနက်(၉)နာရီက ကဒါရပ်ကွက် မင်္ဂလာဈေးတွင်  ရောင်းချပေးလျက်ရှိကြောင်းသိရသည်။

ထိုသို့ရောင်းချရာတွင်အခြေခံစားသောက်ကုန်စည်များဖြစ်သည့် စားအုံးဆီ တစ်ပိဿာ ရည်ညွှန်းစျေး (၆၉၄၆)ကျပ်၊ ကြက်ဥ(၄)လုံး (၁၅၀၀)ကျပ် စသည်တို့ကိုစျေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခဲ့ရာ အများပြည်သူများ ဝယ်ယူအားပေးခဲ့ကြောင်း သိရသည်။

အဆိုပါစျေးရောင်းချခြင်းကို စည်ပင်သာယာရေးအဖွဲ့ လက်ထောက်ညွှန်ကြားရေးမှူး ဦးထွန်းထွန်းဦးနှင့် စျေးကော်မတီဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမူးများကသက် သာချောင်ချိရေး ဆိုင်တွင် ရောင်းချပေးလျက်ရှိကြောင်းသိရသည်။

မွန်မလေး(ပြန်/ဆက်)