မော်လမြိုင်မြို့ အမှတ် (၇) အခြေခံပညာအထက်တန်းကျောင်းတွင် လူငယ်စကားဝိုင်းကျင်းပ

မော်လမြိုင် ဒီဇင်ဘာ ၅

မော်လမြိုင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားစေရန်နှင့် ဉာဏ်ရည်ဉာဏ်သွေးများ ဖွံ့ဖြိုးတိုးတက်မြင့်မားလာစေရန်၊ လူအများ ရှေ့မှောက်တွင် ပြောရဲ၊ ဆိုရဲသည့် သတ္တိရှိစေပြီး နုတ်မှုစွမ်းရည်များ တိုးတက်စေရန်ရည်ရွယ်၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းက မော်လမြိုင်မြို့ အမှတ်(၇) ခြေခံပညာအထက်တန်းကျောင်း (ကျောင်းခန်းမ) ၌ ကျင်းပပြုလုပ်သည်။

ဦးစွာ အခမ်းအနားတွင် အ.ထ.က (၇) ကျောင်းမှ အထက်တန်းပြဆရာမ ဒေါ်ချိုဇင်ဦးက လူငယ်စကားဝိုင်းကျင်းပပြုလုပ်ရခြင်း၏ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး လူငယ်စကားဝိုင်း ဆွေးနွေးပွဲကိုကျင်းပရာ မော်လမြိုင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်‌ခင်စန်းမြင့်က ဦးဆောင်ဆွေးနွေးသူအဖြစ်ဆောင်ရွက်၍  အ.ထ.က (၇) ကျောင်းမှ Grade-11 ကျောင်းသူများဖြစ်ကြသော မနှင့်ပွင့်ရတီက လူငယ်နှင့်မူးယစ်‌ဆေးဝါး၊ မဇာခြည်ချိုက လူငယ်နှင့် စာပေ၊ မကြယ်ဇင်မျိုးက လူငယ်နှင့်ယဥ်‌ေကျးမှု၊ မဆုမြတ်လင်းက လူငယ်နှင်ကိုယ်ကျင့်တရား၊ မကြည်ဇင်သက်က လူငယ်နှင့် နည်းပညာ စသည့်ခေါင်းစဉ်များဖြင့် ဝိုင်းဖွဲ့ဆွေးနွေးခဲ့ကြသည်။

ဆက်လက်၍ ဆွေးနွေးမှုနှင့်ပတ်သက်၍ သိရှိလိုသည့်မေးခွန်းများကို တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများက မေးမြန်းခဲ့ရာ ဦးဆောင်ဆွေးနွေးသူများက ပြန်လည်ဖြေကြားခဲ့ကြောင်း သိရှိရသည်။

စည်သူ(ပြန်/ဆက်)