သံဖြူဇရပ် ဒီဇင်ဘာ ၄
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးအဖြစ် စာရေးဆရာ ညီညီစျာန်ရေးသားသည့် " ပျော်ရွှင်မှုကိုတည်ဆောက်ခြင်း" စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်ရုံးလူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ပြုလုပ်သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဒေါ်အေးအေးသီက စာဖတ်ရှိန်မြင့်မားလာစေရန်အတွက် ပြင်ပစာပေများကို ဗဟုသုတရရှိစေရေးလေ့လာဖတ်ရှုစေရန်၊ စာအုပ်စာပေများနှင့် ရင်းနှီးမှုရှိပြီး စာဖတ်သည့် အလေ့အကျင့်များရရှိစေရန်၊ စာပေမှတစ်ဆင့် အသိပညာဗဟုသုတများ ရရှိစေရန် ရည်ရွယ်၍ စာဖတ်ဝိုင်း ဆွေးနွေးပွဲကို ပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် ကျောင်းသူ (၃) တို့က ဦးဆောင်၍ ပျော်ရွှင်မှုကိုတည်ဆောက်ခြင်း စာအုပ်မှ၊ ပျော်ရွှင်မှုကိုစနစ်တကျဖန်တီးခြင်း၊ ပျော်ရွှင်ခြင်းရဲ့ကောင်းကျိုး၊ နေတတ်ရင်ကျေနပ်စရာ၊ တစ်ကိုယ်ရည်ပျော်ရွှင်မှု၊ မိမိကိုယ်ကိုတန်ဖိုးထားပါ၊ ပျော်ရွင်ဖွယ်မိသားစုစသည့် အကြောင်းအရာများကို ကကဏ္ဍအလိုက် အသီးသီးဦးဆောင်ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသည့် ကျောင်းသူလေးများက စာအုပ်ပါအကြောင်းအရာများကို အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)