ဟုမ္မလင်းမြို့၌ အသက် ၁ နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ကျွေး​ခြင်းဆောင်ရွက်

ဟုမ္မလင်း ဒီဇင်ဘာ ၅

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်အတွင်းရှိ ရပ်ကွက်၊ကျေးရွာများမှ အသက် ၁ နှစ်ခွဲ အောက်ကလေးငယ်များအား ပုံမှန်ကာကွယ် ဆေးထိုး၊ဆေးတိုက်ပေးခြင်းကို ဟုမ္မလင်းမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံး၌ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ရာတွင် ကျန်းမာရေးဦးဌာနမှ ဝန်ထမ်းများက အသက် ၁ နှစ်ခွဲအောက်ကလေးငယ်များအား ဘီစီဂျီ၊ ပြင်းထန်းဝမ်းပျက်ဝမ်းလျှော့(ရိုတာ)၊ ပိုလီယို၊ ပြင်းထန်အဆုတ်ရောင်(ပီစီဗီ)ဆုံဆို့-​ကြက်ညှာ၊ မေးခိုင်-အသည်းရောင်အသားဝါ(ဘီ) ဦးနှောက်အမြှေးရောင် (ငါးမျိုးစပ်ကာကွယ်ဆေး)၊ဝက်သက်-ဂျိုက်သိုး၊ ဂျပန်ဦးနှောက်ရောင် စသည့် ကာကွယ်ဆေးများကို ထိုးနှံတိုက်ကျွေးပေးခြင်းနှင့် ကလေးကိုယ်အလေးချိန် တိုင်းတာပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ အသက် ၁ နှစ်အောက်ကလေးငယ်များကာကွယ်ဆေးထိုးနှံ၊ ဆေးတိုက်ကျွေးခြင်းကို ဒီဇင်ဘာလ ၄ ရက်နေ့မှ ၆ ရက်နေ့အထိ ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး လစဉ်ပုံမှန်ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)