ရွှေဘို ဒီဇင်ဘာ ၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုတက္ကသိုလ်တွင် (၁၁) ကြိမ်းမြောက် ဘွဲ့နှင်းသဘင်အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီချိန်က အဆိုပါတက္ကသိုလ်ရှိ ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပါမောက္ခချုပ်ဆရာမကြီး ဒေါက်တာမျိုးမျိုးက ဘွဲ့နှင်းသဘင်မိန့်ခွန်းပြောကြားပြီး ၂၀၂၄-၂၀၂၅ ပညာသင်နှစ်နှင့် ၂၀၂၅ ပညာသင်နှစ်တို့တွင် ကျင်းပပြုလုပ်ခဲ့သည့် (နေ့အထူး၊ အဝေးသင်) သင်တန်းတို့တွင်(မဟာ)နှင့် ဝိဇ္ဇာဘာသာရပ်၊ သိပ္ပံဘာသာရပ်ဘွဲ့ အသီးသီးအတွက် ကောင်းစွာအောင်မြင်ပေါက်မြောက်ခဲ့ကြသည့် မောင်မယ်များအား ဘွဲ့လက်မှတ်အသီးသီးအပ်နှင်းခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသောင်းတင်ထွေးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်နိုင်နှင့်အဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌါနဆိုင်ရာများ၊ ရွှေဘိုတက္ကသိုလ်ပါမောက္ခချုပ်ဆရာမကြီး ဒေါက်တာမျိုးမျိုး၊ ဒုတိယပါမောက္ခချုပ်ဆရာမကြီး ဒေါက်တာမြယဉ်ယဉ်ငြိမ်း၊ တက္ကသိုလ်စီမံခန့်ခွဲရေးအဖွဲ့ဝင်များ၊ ဘာသာရပ်ဆိုင်ရာပါမောက္ခများ၊ ဌာနမှူး(သင်တန်းရေးရာ) မော်ကွန်းထိန်း(စာမေးပွဲနှင့်ဘွဲ့နှင်းဌာန)၊ မော်ကွန်းထိန်း(ကျောင်းသားရေးရာ)၊ ဖိတ်ကြားထားသူများ၊ ဘွဲ့ရမောင်မယ်များ၊ မိဘဆွေမျိုးများတက်ရောက်ခဲ့ကြသည်။ အဆိုပါဘွဲ့နှင်းသဘင်ပထမနေ့တွင် စုစုပေါင်း တက်ရောက်ဘွဲ့ယူသူ မောင်မယ် (၅၄၀) ဦးရှိကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)