တမူးမြို့၊ ဟဲဇင်းကျေးရွာတွင် မြန်မာအီလက်ထရောနစ်မဲပေးစနစ် (MEVM) ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်‌တွေ့စမ်းသပ်မဲပေးခြင်းအခမ်းအနားပြုလုပ်

တမူး ဒီဇင်ဘာ ၅

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့၊ ဟဲဇင်းကျေးရွာ စည်သာဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ မြန်မာအီလက်ထရောနစ်မဲပေးစနစ် (MEVM) ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်‌တွေ့စမ်းသပ်မဲပေးခြင်းအခမ်းအနားကို ယမန်နေ့နံနက် (၁၀) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးမြင့်မြတ်၊ အတွင်းရေးမှူး ဒေါ်ကျော့ယမင်းကိုကိုတို့မှ (MEVM) စက်တွင်ပါဝင်သည့် အစိတ်အပိုင်းများအကြောင်းတို့ကို သရုပ်ပြရှင်းလင်းခြင်းနှင့်ဆန္ဒမဲပေးရာတွင် အခက်အခဲမရှိစေရေးအတွက် ဆောင်ရွက်ရန်တို့ကို လက်တွေ့သရုပ်ပြရှင်းလင်းခဲ့သည်။

ဆက်လက်၍ တမူးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်မိုးလွင်က မဲပေးစက်နှင့်စပ်လျဉ်း၍ သေချာစွာလိုက်နာမှတ်သားရန်နှင့် ရွေးကောက်ပွဲ ကာလတွင် အဆိုပါမဲပေးစက်များအား လက်တွေ့အသုံးပြုရာ၌ အခက်အခဲမရှိ အမှားကင်းစွာ ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာကြသည့် ပြည်သူများက လက်တွေ့စမ်းသပ်မဲပေးခြင်းများ ဆောင်ရွက်ခဲ့ကြပြီး သိရှိလိုသည်များကိုမေးမြန်းကြရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ခဲ့ပြီးနောက် နိုင်ငံသားအခွင့်အရေးမဆုံးရှုံးဖို့ မဲပေးကြစို့ အသိပညာပေးလက်ကမ်း စာစောင်များ ဖြန့်ဝေပေးခဲ့ကြသည်။

အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ကျော်မိုးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ရပ်ကွက်နေပြည်သူများ (၂၂၅)ဦး တက်ရောက်ခဲ့ကြသည်။

အလားတူ မွန်းတည့် (၁၂) နာရီအချိန်တွင် မြို့မရဲစခန်းရှိ ရိပ်သာ၌ တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင် (၅၅) ဦးတို့အား (MEVM) စက်တွင်ပါဝင်သည့် အစိတ်အပိုင်းများအကြောင်းတို့ကို သရုပ်ပြရှင်းလင်းခြင်းနှင့် ဆန္ဒမဲပေးရာတွင် အခက်အခဲမရှိစေရေးအတွက် ဆောင်ရွက်ရန်တို့ကို လက်တွေ့သရုပ်ပြခဲ့ကြောင်း သိရသည်။

ရတနာ