ရွှေဘိုမြို့တွင် စားသောက်ဆိုင်များ မီးဘေးအန္တရာယ်ကင်းစေရေး တာဝန်ရှိသူများ ကွင်းဆင်းဆောင်ရွက်‌

ရွှေဘို ဒီဇင်ဘာ ၅

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့၌ ပွင့်လင်းရာသီသို့ရောက်ရှိလာပြီဖြစ်သဖြင့်  ကြိုတင်ကာကွယ်မှု အစီအမံတစ်ရပ်အနေဖြင့် ရွှေဘိုခရိုင်မီးသတ်ဦးစီးမှူး ဦး‌အေးမြင့်နှင့် မြို့နယ်မီးသတ်ဦးစီးမှူး ဦးအောင်မြတ်တိုးတို့ ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များသည် ယမန်နေ့နံနက် ၉ နာရီအချိန်က ရွှေဘိုမြို့နယ်အတွင်းရှိ စားသောက်ဆိုင်များသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ရွှေဘိုခရိုင်/မြို့နယ်မီးသတ်ဦးစီးမှူးနှင့် တာဝန်ရှိသူများသည် စားသောက်ဆိုင်များ မီးဘေးလုံခြုံရေးအတွက်သွားရောက်၍ မီးဘေးကြိုတင်ကာကွယ်ရေး ပစ္စည်းများထားရှိမူအားစစ်ဆေးပြီး မီးသတ်ဆေးဘူးများ လေပေါင်ပြည့်/မပြည့် (၁)လ (၁)ကြိမ် စစ်ဆေးရန် ဂက်စ်မီးဖိုပိုက်များ ပေါက်ခြင်း ရှိ/မရှိ စစ်ဆေးရန်၊ လျှပ်စစ်မီးကြိုးများအား စနစ်တကျသွယ်တန်းရန်၊ အရေးပေါ်တယ်လီဖုန်း နံပါတ်များကပ်ထားရန်၊ မီးလောင်မှု၊ မီးလန့်မှုများဖြစ်ပွားပါက လက်ဦးမှုရယူငြှိမ်းသတ်ပြီး အချိန်နှင့်တစ်ပြေးညီ မီးသတ်စခန်းသို့ အကြောင်းကြားရန်အကြံပြုခဲ့ပြီး စား​သောက်ဆိုင်ဝန်ထမ်းများကို မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေး၍ မီးသတ်ဆေးဘူးသုံးစွဲမူအား သင်ကြားပြသပေးခဲ့ကြောင်းနှင့် ဆက်လက်၍ အရှိန်အဟုန်မြှင့်စစ်ဆေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)