ကျွန်းလှမြို့နယ်၌ မဲစာရင်းများပြည့်စုံမှန်ကန်ရေး တစ်အိမ်တက်ဆင်း ကွင်းဆင်းဆောင်ရွက်

ကျွန်းလှ ဒီဇင်ဘာ ၅

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲစာရင်းများ ဒုတိယအကြိမ် ကပ်ထားကြေညာခဲ့ရာ မဲဆန္ဒရှင်ပြည်သူများ မဲစာရင်းတွင် အမည်စာရင်း ပါ၊ မပါ သိရှိနိုင်ရန် ယမန်နေ့က တာဝန်ရှိသူများ Door to Door စနစ်ဖြင့် တစ်အိမ်တက်ဆင်း မဲစာရင်းများ စစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် အိမ်ထောင်စုလူဦးရေစာရင်းနှင့် မဲစာရင်း၌ ပါဝင်သည့်အမည်စာရင်း မှန်မမှန်စစ်ဆေးပြီး ဖြည့်စွက်ခြင်း၊ ကန့်ကွက်ခြင်း၊ ပြင်ဆင်လွှာတင်သွင်းခြင်းများကို သတ်မှတ်ပုံစံများဖြင့် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

နိုင်ငံသားတိုင်း မဲပေးပိုင်ခွင့်အခွင့်ရေး ပြည့်စုံစွာရရှိရေး၊ မဲပေးခြင်းသည် နိုင်ငံသားများမှ အမျိုးသားရေးတာဝန်ထမ်းဆောင်ခြင်းဖြစ်သည့်အတွက် မဲစာရင်းများပြည့်စုံမှန်ကန်ရေး အိမ်တိုင်ရာရောက် ကွင်းဆင်းတိုက်ဆိုင်စစ်ဆေးခဲ့ကြောင်း သိရသည်။

မျိုးဝင်းညို ကျွန်းလှ