မော်လိုက် ဒီဇင်ဘာလ ၅
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင် မော်လိုက်မြို့၌ မူလတန်းအဆင့်ကျောင်းပေါင်းစုံ အမျိုးသား/အမျိုးသမီးဖူဆယ်ဘောလုံးပြိုင်ပွဲကို ဒီဇင်ဘာလ(၁)ရက်နေ့မှစတင်၍ ပြည်သူ့အားကစားကွင်း၌ ကျင်းပလျက်ရှိသည်။
အဆိုပါ ပြိုင်ပွဲတွင်အမက(၁)ကျောင်း၊အမက (၂)ကျောင်း၊ အ.မ.က(၃)ကျောင်း၊ အ.မ.က(၄)ကျောင်း၊ အ.မ.က(၅)ကျောင်း၊ ဘကကျောင်းနှင့် မိုးကောင်းကျောင်းတို့မှ အမျိုးသား/အမျိုးသမီး ဖူဆယ်ဘောလုံးပြိုင်ပွဲကို အသင်း(၇)သင်းတို့က အမှတ်ပေးစနစ်ဖြင့် အကြိတ်အနယ် ပါဝင်ယှဉ်ပြိုင်လျက်ရှိရာ ယနေ့ပြိုင်ပွဲတွင် မိုးကောင်းကျောင်းအသင်းနှင့် အ.မ.က(၃) ကျောင်းအသင်းတို့ ယှဥ်ပြိုင်ခဲ့ကြရာ မိုးကောင်းကျောင်းအသင်းက အ.မ.က(၃)ကျောင်းအသင်းကို ၂ဂိုး-၁ဂိုး အနိုင်ရရှိခဲ့ကြောင်း သိရသည်။
ကိုထက်(ပြန်/ဆက်)