မော်လမြိုင် ဒီဇင်ဘာ ၄
မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်၌ စာရေးဆရာများ၏ စာအုပ်လှူဒါန်းပွဲအခမ်းအနားကို ယမန်နေ့က မော်လမြိုင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မွန်ပြည်နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်မြင့်မြတ်သီတာက အဖွင့်အမှာစကားပြောကြားပြီး၊ စာရေးဆရာမ ရွှေမြိုင်ပြုံးလဲ့မော်က စာအုပ်လှူဒါန်းရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် စာရေးဆရာမ ဒေါ်နန်းဖြူဖြူထွန်းက စာအုပ်လှူဒါန်းရခြင်းနှင့် ပက်သက်သည့် အကြောင်းအရာများအား ရှင်းလင်းပြောကြားပြီးစာအုပ်များပေးအပ်လှူဒါန်းရာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများက လက်ခံရယူ၍ အမှတ်တရ စုပေါင်းမှတ်တမ်းဓာတ်ပုံရိုက်ကူးခဲ့ကြောင်း သိရှိရသည်။
စည်သူ (ပြန်/ဆက်)