ကျိုက်မရော ဒီဇင်ဘာ ၄
ကျိုက်မရော မြို့နယ်၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောက်မြင်စွာကျင်းပနိုင်ရေးအတွက် မဲစာရင်းပြည့်စုံမှန်ကန်စေရေးအတွက် တစ်အိမ်တက်ဆင်း door to door မြေပြင် ကွင်းဆင်းစာရင်း ကောက်ယူတိုက်ဆိုင်စစ်ဆေးခြင်းကို ဒီဇင်ဘာ ၃ ရက် နံနက်ပိုင်းက ဆက်လက်ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ မြေပြင်ကွင်းဆင်းကောက်ယူရာတွင် နိုင်ငံသားတိုင်း မဲပေးပိုင်ခွင့်အခွင့်အရေး ပြည့်ဝစွာရရှိစေရေးနှင့် မဲပေးခြင်းသည် နိုင်ငံသားများမှ အမျိုးသားရေးတာဝန် ထမ်းဆောင်ခြင်းဖြစ်သည့်အတွက် မဲစာရင်းများကို အိမ်တိုင်ရာရောက် ကွင်းဆင်းတိုက်ဆိုင်စစ်ဆေးခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါမြေပြင်ကွင်းဆင်းဆောင်ရွက်ရာသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်စိုးဦးကြီးကြပ်၍ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဝင်များ စာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကျေးစာရေးများ ဆယ်အိမ်မှူး၊ ရာအိမ်မှူးများပါဝင်သည့် စာရင်းကောင်ယူရေးအဖွဲ့များက တစ်အိမ်တက်ဆင်း မြေပြင်ကွင်းဆင်း၍ မဲစာရင်းတွင် ပါဝင်မှု ရှိ/မရှိ စာရင်းတိုက်ဆိုင်စစ်ဆေးပြီး လိုအပ်သည်များကို ဒုတိယအကြိမ် မဲစာရင်းများ ကြေငြာထားသည့် ကာလအတွင်းပြည်စုံမှန်ကန်စေရေး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ကော်မရှင် အဖွဲ့ခွဲရုံးမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)