နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုး ပျဉ်းမနားမြို့နယ်၊ ငကောင်းကံကျေးရွာတွင် ရေဆင်းပေါ်ဆန်း-၂ စပါးမျိုး မိုးစပါးရိတ်သိမ်းနေမှုနှင့် ဆောင်းဆီထွက်သီးနှံ ဆင်းရွေကြာ-၂ နေကြာမျိုး စိုက်ပျိုးနေမှုကို ကြည့်ရှုအားပေး

နေပြည်တော် ဒီဇင်ဘာ ၅

နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးသည်  မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးမျိုးမင်းစိုး၊ မြို့နယ်စိုက်ပျိုးရေးကြီးကြပ်မှုအဖွဲ့၊ တောင်သူများနှင်အတူ ယနေ့နံနက်ပိုင်းတွင် ပျဉ်းမနားမြို့နယ်၊ ငကောင်းကံကျေးရွာ၊ ကွင်းအမှတ် (၁၆၇၆)၊ တောင်သူ ဦးမြင့်သိန်း၏ မိုးစပါးစိုက်ခင်း၌ ရေဆင်းပေါ်ဆန်း-၂  စပါးမျိုးကို စပါးရိတ်သိမ်းခြွေလှေ့စက်ဖြင့် ရိတ်သိမ်းနေမှုကို ကြည့်ရှုအားပေးသည်။

ထို့နောက် နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးသည်  အဆိုပါ ငကောင်းကံကျေးရွာ၊ ကွင်းအမှတ် (၁၆၇၆)၊ တောင်သူ ဦးကျော်လွင်၏ လယ်ယာမြေတွင် ဆောင်းဆီထွက်သီးနှံ ဆင်းရွေကြာ-၂ နေကြာ‌မျိုးကို မျိုးစေ့ချစက်ဖြင့် စိုက်ပျိုးနေမှုအား ကြည့်ရှုအားပေးပြီး  မျိုး၊ မြေ၊ ရေ၊ နည်း နည်းလမ်းများနှင့်အညီ စနစ်တကျစိုက်ပျိုးရေး၊ အထွက်နှုန်းနှင့် ဈေးကောင်းရရှိသည့် သီးနှံမျိုးများ ရွေးချယ်စိုက်ပျိုးကြရန်၊ ခေတ်မီနည်းစနစ်များဖြင့် စိုက်ပျိူးရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ကြရန်၊ သဘာဝမြေဩဇာကို တောင်သူများကိုယ်တိုင်ပြုလုပ်ပြီး ထိရောက်စွာအသုံးပြုကြရန်၊ သီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေး၊ ဆောင်းသီးနှံနှင့် နွေသီးနှံများကို အချိန်မီစိုက်ပျိုးနိုင်ရေး၊ ရည်မှန်းချက် ပန်းတိုင်ထွက်ရှိရေးကို ထိထိရောက်ရောက် အလေးထားဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ တောင်သူများ အနေဖြင့် စပါး၊ အခြားသီးနှံများနှင့် နေကြာသီးနှံအပါအဝင် ဆီထွက်သီးနှံများကို အထွက်နှုန်း ကောင်းမွန်စွာ ထွက်ရှိရေးအတွက် မျိုးကောင်း၊ မျိုးသန့်များကို ရွေးချယ်စိုက်ပျိုးကြရမှာဖြစ်ကြောင်း မှာကြားသည်။

ယင်းနောက် နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးသည် တောင်သူများအား စပ်မျိုးနေကြာ စူပါဆန်း-၄၁ မျိုးစေ့များကို ပေးအပ်သည်။ ပျဉ်းမနားမြို့နယ်အတွင်း ဆောင်းဆီထွက်သီးနှံအနေဖြင့် နေကြာ (၁၁၉၆) ဧက၊ မြေပဲ (၉၄၀) ဧက၊ နှမ်း (၂၄၀) ဧက စိုက်ပျိုးရန်လျာထားကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)