မုဒုံမြို့၌ “မိမိဘဝတိုးတက်ဖို့ စာဖတ်ကြပါစို့” ခေါင်းစဥ်ဖြင့်လူငယ်စကားဝိုင်းကျင်းပ

မုဒုံ ဒီဇင်ဘာ ၅

မွန်ပြည်နယ် မုဒုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် ယနေ့နံနက် ၁၀ နာရီက မိမိဘဝတိုးတက်ဖို့ စာဖတ်ကြပါစို့ ခေါင်းစဥ်ဖြင့် လူငယ်စကားဝိုင်းကိုကျင်းပသည်။

ဦးစွာ မုဒုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မိုးမိုးစန္ဒာထွန်းက ကျောင်းသား/သူ လူငယ်လူရွယ်များ စာဖတ်ရှိန်မြင့်မားစေရန်၊ အသိပညာ အတတ်ပညာ ဗဟုသုတ၊ ဗလငါးတန်ပြည့်စုံစေရန်၊ စာပေဖတ်ရှုခြင်းဖြင့် လူငယ်လူရွယ်များ အကျိုးအကြောင်း၊ အကောင်းအဆိုးကို ဝေဖန်ပိုင်းခြားနိုင်ရန်နှင့် လူရည်ချွန် လူရည်မွန်များ များစွာပေါ်ပေါက်လာစေရန်အတွက်ရည်ရွယ်၍ လူငယ် စကားဝိုင်းကို ကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

လူငယ်စကားဝိုင်းတွင် မုဒုံမြို့ ရှိအခြေခံပညာအထက်တန်း/အလယ်တန်းကျောင်းများမှ ကျောင်းသား/သူများက မိမိဘဝတိုးတက်ဖို့စာဖတ်ကြပါစို့ခေါင်းစဥ်ဖြင့် အသီးသီးပါဝင်ဆွေးနွေး၍ တက်ရောက်လာကြသူများက လူငယ်စကားဝိုင်းနှင့်ပတ်သက်သည့် အကြောင်းအရာများအား အမေးအဖြေများ အပြန်အလှန် ဆက်လက်ဆွေးနွေးခဲ့ကြပြီး တာဝန်ရှိသူများက လက်ဆောင်ပစ္စည်းများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။

ရာမည (ပြန်/ဆက်)