ကသာမြို့ပေါ်ရှိ KTV ဆိုင်များအား ကွင်းဆင်းစစ်ဆေး

ကသာ ဒီဇင်ဘာ ၅

ကသာမြို့ပေါ်တွင်ဖွင့်လှစ်ထားရှိသော KTV ဆိုင်များအား သတ်မှတ်ထားသည့် စည်းကမ်းချက်များ‌နှင့်အညီ ဖွင့်လှစ်ဆောင်ရွက်ထားခြင်းရှိ/မရှိကို ယနေ့နံနက် (၁၀)နာရီခွဲအချိန်က ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့သည်။

အဆိုပါ KTV ဆိုင်များတွင် ဖွင့်လှစ်ခွင့်လိုင်စင်များ၊ ရောင်းချခွင့်လိုင်စင်များနှင့် မီးဘေးန္တရာယ်ကင်းရှင်း‌စေရေးဆောင်ရွက်ထားရှိမှုတို့ကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးသန်းထွန်း ဦးဆောင်သော ကြီးကြပ်ရေးအဖွဲများက အိန်ဂျယ် KTV၊ 158 KTV ဆိုင်များကို ကွင်းဆင်းစစ်ဆေးခဲ့ပြီး မူးယစ်ဆေးဝါးများ ရောင်းချသုံးစွဲမှုမရှိစေရန်နှင့် သတ်မှတ်ချိန်ထက်ကျော်လွန်၍ ဖွင့်လှစ်ခြင်းမပြုရန်တို့ကို မှာကြားဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရဲလင်းထွန်း (ပြန်/ဆက်)