ကသာမြို့နယ်၌ မဲစာရင်းမှန်ကန်မှုရှိစေရေး door to door စနစ်ဖြင့် တစ်အိမ်တက်ဆင်း ကွင်းဆင်းစစ်ဆေး

ကသာ ဒီဇင်ဘာ ၅

စစ်ကိုင်းတိုင်းဒေသကြီး ကသာမြို့နယ်ရှိ မြို့ပေါ်ရပ်ကွက်များသို့ ဒုတိယအကြိမ်ကြေညာထားသည့် မဲဆန္ဒရှင်စာရင်းနှင့် မြေပြင်စာရင်း မှန်ကန်မှုရှိစေရေးအတွက် တာဝန်ရှိသူများမှ နိုဝင်ဘာ ၂၈ ရက်နေ့ နံနက်ပိုင်းမှစတင်၍ ဒီဇင်ဘာ ၅ ရက်နေ့အထိ တစ်အိမ်တက်ဆင်း ကွင်းဆင်းဆောင်ရွက်နေကြောင်း သိရသည်။

 ကသာမြို့နယ်တွင် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့၌ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေ‌ရွေးကောက်ပွဲအား အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲဆန္ဒရှင်ပြည်သူများ ဆန္ဒမဲပေးပိုင်ခွင့် ဆုံးရှုံးမှုမရှိစေရေးနှင့် မဲစာရင်းများ ပြည့်စုံမှန်ကန်စေရေးအတွက် အသက် (၁၈) နှစ်ပြည့်ပြီး မဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်များ မဲစာရင်းတွင် ပါဝင်မှုရှိ/မရှိကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန၊ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးအဖွဲ့နှင့်တာဝန်ရှိသူများကရပ်ကွက်/ကျေးရွာများအလိုက် door to door စနစ်ဖြင့်တစ်အိမ်တက်ဆင်းတိုက်ဆိုင် စစ်ဆေးဆောင်ရွက်လျက်ရှိရာ ကသာခရိုင်နှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက အနီးကပ်ကြီးကြပ်၍ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကြသည်။

မဲဆန္ဒရှင်ပြည်သူများ၏ နိုင်ငံသားအခွင့်အရေးမဆုံးရှူံးစေရန်အတွက် မဲဆန္ဒရှင်စာရင်းများကို ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်များမှ‌ သက်ဆိုင်ရာရပ်ကွက်/ကျေးရွာများတွင် ဒုတိယအကြိမ်မဲဆန္ဒရှင်စာရင်းများကို နိုဝင်ဘာလ (၂၁) ရက်‌နေ့မှ စတင်ကာဒီဇင်ဘာလ (၄) ရက်နေ့အထိ ကြေညာထားရှိရာ မဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်ပြည်သူများမဲစာရင်းတွင်ပါရှိရေးအတွက် သတ်မှတ်ရက်အတွင်း အမည်ထည့်သွင်းပေးရန်တောင်းဆိုခြင်း၊ ကန့်ကွက်ခြင်း၊ ပြင်ဆင်လွှာတင်သွင်းခြင်းများပြုလုပ်ရန် door to door စနစ်ဖြင့်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

ခရိုင် (ပြန်ဆက်)