ဖောင်းပြင်မြို့၌ ဒို့အတူတူ မဲ ပေးကြမည် လက်ကမ်းစာစောင်များဖြန့်ဝေ

ဖောင်းပြင် ဒီဇင်ဘာ ၅

၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေး ကောက်ပွဲ၌ ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်ပြည်သူများအားလုံး ပါဝင်မဲပေးနိုင်ရေးအတွက် ရွေးကောက်ပွဲ အောင်မြင်ရေး လှုံ့ဆော်မှုဖြစ်သည့် ဒို့အတူတူ မဲပေးကြမည် လက်ကမ်းစာစောင် များဖြန့်ဝေခြင်းကို‌ ယနေ့နံနက်(၈)နာရီအချိန်က လူစည်ကားရာဖောင်းပြင်မြို့၊ မြို့လယ်လမ်း ဆုံနေရာ၌ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ထိုသို့လက်ကမ်းစာ‌စောင်များဖြန့်ဝေခြင်းကို ဖောင်းပြင်မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဌ ဦးတင်ဦးကျော်နှင့်အဖွဲ့၀င်များ၊ မြို့နယ်‌ရွေးကောက် ပွဲ‌ကော်မရှင် အဖွဲ့ခွဲအဖွဲ့ ၀င်များ၊ မြို့နယ်အမျိုးသမီးရေးရာနှင့် မြို့နယ်မိခင်နှင့်ကလေးမှ အဖွဲ့၀င်များ၊မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှမြို့နယ် ဦးစီးမှူးနှင့်၀န်ထမ်းများပူး‌ပေါင်း ကာအခမဲ့ဖြန့် ဝေပေးခဲ့ကြသည်။ 

အဆိုပါ လက်ကမ်းစာစောင်တွင် ရွေးကောက်ပွဲမှသည်ပိုမိုကောင်းမွန်သော အနာဂတ်ဆီသို့၊ ဒီမိုကရေစီကို ပြန်လည်ဖော်ဆောင်ဖို့အတွက်ရွေးကောက်ပွဲမှ လွဲ၍အခြားနည်းမရှိပါ၊ ပြည်သူများလို လားသည့်ဒီမိုကရေစီနိုင်ငံတော်ကို ရွေးကောက်ပွဲဖြင့်သာဖော်ဆောင်နိုင်ပါသည်၊ ဒီမိုကရေစီခိုင်မြဲဖို့ မဲရုံသွားပြီး မဲပေးကြပါစို့၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ ဦးဆောင်နိုင်သူ ရွေးချယ်ကြပါစို့ စသည့်အကြောင်းအရာများပါ၀င်ကာ‌စောင်ရေ (၃၀၀)ကိုအခမဲ့ဖြန့်ဝေ‌ခဲ့ ကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)