ကျိုက်မရော၌ “ဒို့အတူတူမဲပေးကြမယ်”အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေ

ကျိုက်မရော ဒီဇင်ဘာ ၅

 ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၂၈) ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ ဆန္ဒမဲပေးနိုင်ရန်အတွက် “ဒို့အတူတူ မဲပေးကြမယ်”အသိပညာပေး လက်ကမ်းစာစောင်များကိုယနေ့နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်များရှိ လူစည်ကားရာနေရာများ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေး အမှုဆောင်အရာရှိ ဦးစိုးလွင်နှင့်ဝန်ထမ်းများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များက ပြည်သူများ လက်ဝယ်အရောက်အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။

 အဆိုပါလက်ကမ်းစာစောင်တွင် “ရွေးကောက်ပွဲမှသည် ပိုမိုကောင်းမွန်သောအနာဂတ်ဆီသို့” ဆောငိပုဒ်နှင့်အညီ ဒီမိုကရေစီကို ပြန်လည်ဖော်ဆောင်ဖို့အတွက် ရွေးကောက်ပွဲမှလွဲ၍ အခြားနည်းမရှိပါ.”ပြည်သူများလိုလားသည့် ဒီမိုကရေစီနိုင်ငံတော်ကို ရွေးကောက်ပွဲဖြင့်သာ ဖောိဆောင်နိုင်ပါသည်။ “ဒီမိုကရေစီခိုင်မြဲဖို့ မဲရုံသွားပြီး မဲပေးကြပါစို့” နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ဖို့ ဦးဆောင်နိူင်သူ ရွေးချယ်ကြပါစို့”စသည့် အကြောင်းအရာများပါရှိသည့် လက်ကမ်းစာစောင်များကို လူစည်ကားရာနေရာများ၌ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ချိုမြတ်မြတ်ထွေး