မော်လမြိုင် ဒီဇင်ဘာ ၅
မွန်ပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာန၊ ပြည်နယ်စားပွဲတင်တင်းနစ် ဆပ်ကော်မတီတို့ပူးပေါင်း၍ ဆောင်းရာသီစားပွဲတင် တင်းနစ်ဖိတ်ခေါ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ ဖက်တန်းရပ်ကွက် အမှတ်(၁) အခြေခံပညာအလယ်တန်းကျောင်း အားကစားခန်းမ၌ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသူများနှင့် အားကစားဝါသနာရှင်များ တက်ရောက်ကြကြောင်း သိရသည်။
ဦးစွာပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ပြိုင်ပွဲဝင်အားကစားသမားများ (၁) ဦးချင်း ဝင်ရောက်ယှဉ်ပြိုင်နေမှုတို့ကို ကြည့်ရှုအားပေးပြီး ဂုဏ်ပြုဆုငွေများ ပေးအပ်ခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ပြိုင်ပွဲဝင်အားကစားသမားများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ပြီး အဆိုပါစားပွဲတင်တင်းနစ် ဖိတ်ခေါ်ပြိုင်ပွဲကို ဒီဇင်ဘာ ၅ ရက်နေ့မှ ၇ ရက်နေ့အထိ ပြိုင်ပွဲဝင်အသင်း (၃၁) သင်း၊ ပြိုင်ပွဲဝင် အားကစားသမား (၁၂၆) ဦး ဝင်ရောက်ယှဉ်ပြိုင် ကစားကြမည်ဖြစ်ကြောင်း သိရှိရသည်။
ပြည်နယ်(ပြန်/ဆက်)