ရွှေဘို ဒီဇင်ဘာ ၁၀
စစ်ကိုင်းတိုင်းဒေသကြီး၊ရွှေဘိုခရိုင်၊ ရွှေဘိုမြို့တွင် မြန်မာအီလက်ထရောနစ် မဲပေးစက်များ Installation ပြုလုပ်ခြင်းကို ဒီဇင်ဘာ ၉ ရက် နံနက် ၉ နာရီချိန်က မြို့နယ်အထွေထွအုပ်ချုပ်ရေးဦးစီးဌာနအစည်းဝေးခန်းမ ၌ ဆောင်ရွက်ခဲ့သည်။
ရွှေဘိုမြို့တွင်၂၀၂၅ ခုနှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအပိုင်းတစ်ကို ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ကျင်းပမည်ဖြစ်ရာ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် အသုံးပြုမည့် အီလက်ထရောနစ်မဲပေးစက်(၄၆)လုံးနှင့် အရန်မဲပေးစက်(၇)လုံးစုစုပေါင်း (၅၃)လုံးအား SD ကတ်ထည့်သွင်းခြင်း၊ BU paper များ တပ်ဆင်ခြင်း၊ ဘက်ထရီအားသွင်းခြင်း၊ စက်များစစ်ဆေးခြင်းနှင့် Installation ပြုလုပ်ခြင်းတို့ကို ခရိုင်/မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ရွေးကောက်ပွဲအရာရှိနှင့်ဝန်ထမ်းများက လက်တွေ့ပြသပြီး ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်မဲရုံတာဝန်ကျဝန်ထမ်းများ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ မြန်မာအီလက်ထရောနစ် (MEVM) စက်များ Installation ဆောင်ရွက်ရာသို့ ခရိုင်/မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်နိုင်နှင့်အဖွဲ့ဝင်များ ဌာနဆိုင်ရာတာဝန်ရှိသူများက အနီးကပ်ကြီးကြပ်လျက်ရှိကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်