လယ်ဝေး ဒီဇင်ဘာ ၁၀
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်သမဝါယမဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါ်ဆုယဉ်မြင့်နှင့်တာဝန်ရှိသူများသည် ယမန်နေ့ နံနက်ပိုင်းတွင် နိုင်ငံတော်ထောက်ပံ့ငွေ (သက်တန့်ရောင်စီမံကိန်း)ဖြင့် ပံ့ပိုးရယူဆောင်ရွက်ခဲ့သည့် လယ်ဝေးမြို့နယ်၊ ရေအိုးစဉ်ကျေးရွာ၊ ရေအိုးစဉ်စိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်းဥက္ကဋ္ဌ ဦးသောင်းလွင်၏ ဗျောသုခမိုးစပါးစိုက်ပျိုးထားရှိမှုအား ကွင်းဆင်းကြည့်ရှုခဲ့ပါသည်။
ကွင်းဆင်းကြည့်ရှုစဉ် ညွှန်ကြားရေးမှူးက မိုးစပါးစိုက်ဧကများ ရိတ်သိမ်းရာတွင် အချိန်မီရိတ်သိမ်း ဆောင်ရွက်နိုင်ရေး၊ ပျက်စီးလေလွင့်မှုမရှိစေရေး၊ အမိုးအကာအောက်သို့အမြန်ရောက်ရှိစေရေး၊ စပါးရိတ်သိမ်းပြီးပါက ထောက်ပံ့ပေးထားသောမျိုး၊ သွင်းအားစုတန်ဖိုးငွေများ အချိန်မီရရှိစေရေး ကြီးကြပ်ဆောင်ရွက်ရန်နှင့် နောက်သီးနှံစိုက်ပျိုးနိုင်စေရေးတို့အတွက် ဦးစီးဌာနမှ အသင်းသားတောင်သူများ၏ လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးရန် လမ်းညွှန်မှာ ကြားခဲ့သည်။
ဆက်လက်၍ ညွှန်ကြားရေးမှူးနှင့်တာဝန်ရှိသူများသည် လယ်ဝေးမြို့နယ်၊ ရှမ်းစုကျေးရွာရှိ ဆင်အုံမွေးမြူထုတ်လုပ်ရေးနှင့် လုပ်ငန်းပေါင်းစုံသမဝါယမအသင်းပိုင် ငါးမွေးမြူရေးကန်သို့ သွားရောက်ကြည့်ရှုခဲ့ပြီး အမှုဆောင်များနှင့်တွေ့ဆုံ၍ လုပ်ငန်းဆောင်ရွက်မှုများကို စစ်ဆေးခဲ့ ကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)