ဇေယျာသီရိ ဒီဇင်ဘာ ၁၀
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးမြေစိုက်ပိုစတာ(Billboard) စိုက်ထူခြင်းလုပ်ငန်းကို ယနေ့နံနက်ပိုင်းက လူစည်ကားရာနေရာဖြစ်သည့် ရန်ကုန်-မန္တလေး ပြည်ထောင်စုလမ်းမကြီးဘေး သိုက်ချောင်းလမ်းဆုံ၌ စိုက်ထူခဲ့သည်။
အဆိုပါမြေစိုက်ပိုစတာ (Billboard) စိုက်ထူပွဲတွင် ဇေယျာသီရိ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစောနိုင်၊ ဇေယျာသီရိမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇေထက်အောင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများက တက်ရောက်စိုက်ထူခဲ့ပြီး အများပြည်သူများအား “ဒို့အတူတူမဲပေးကြမယ်” ရွေးကောက်ပွဲဆိုင်ရာအသိပညာပေးလက်ကမ်း စာစောင်များဖြန့်ဝေ ပေးခဲ့ကြောင်း သိရသည်။
ထွန်းလင်း(ဇေယျာမြေ)