ပေါင် ဒီဇင်ဘာ ၁၀
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ မဲပေးရန်နည်းလမ်းများ လက်ကမ်းစာစောင်များကို ယနေ့နံနက်(၈)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်ဦးစီးမှူးနှင့် မြို့နယ်ကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များပူးပေါင်း၍ မင်္ဂလာဈေး၊ ကားဂိတ်၊ တက္ကဆီဂိတ်၊ ဆိုက်ကားဂိတ်များ၌ ပေးဝေခဲ့သည်။
လက်ကမ်းစာစောင်ဖြန့်ဝေရာတွင် ပါဝင်သည့်အချက်များမှာ မဲစာရင်းကြည့်ပါ၊ တန်းစီပါ၊ လက်ပြပါ၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော်၊ တိုင်ရင်သားလူမျိုးကိုယ်စာလှယ်လောင်း၊ မင်တို့ပါစသည့်အချက်များပါဝင်သည့် မဲပေးစက်အသုံးပြု၍ မဲပေးပုံအဆင်ဆင့် လက်ကမ်းစာစောင်များနှင့် မဲပေးရန်နည်းလမ်းများမှာ မဲရုံထဲမဝင်မီမှတ်ပုံတင်ပြပါ၊ မဲစာရင်းစာအုပ်တွင် လက်မှတ်ထိုးပါ၊ ဆန္ဒပြုခန်းသို့ဝင်ပါ၊ ဆန္ဒပြုစက်ညာဘက်အပေါ်မီးလုံးလင်းလာသည်အထိစောင့်ပါ၊ မီးလုံးလင်းပါက ကိုယ်မဲပေးလိုသည့် ကိုယ်စာလှယ်ကို သေသေချာချာရွေးပါ၊ မဲပေးလိုသည့်ကိုယ်စာလှယ်၏ ညာဘက်တည့်တည့်မှ အပြာရောင်ခလုတ်ကို ၁ ကြိမ်နှိပ်ပါ (၂ကြိမ်မနှိပ်ရ)၊ ဘယ်ဘက်ရှိ မဲပုံးပေါ်ကစက်ကိုကြည့်ပါ၊ ကိုယ်မဲပေးလိုက်တဲ့ ကိုယ်စားလှယ်အမည်ပါတဲ့ စက္ကူဖြတ်ပိုင်းထွက်လာမည်၊ စက္ကန့်အနည်းငယ်ကြာလျှင် မဲပုံးအတွင်းသို့ အလိုလိုကျသွားပါမည်၊ နောက်ထပ်လွှတ်တော်တွေအတွက် ၁ ကြိမ်စီမဲပေးစက်ဖြင့်မဲပေးပါ၊ တိုင်ရင်သားကိုယ်စာလှယ်ကိုလည်း မဲပေးစက်ဖြင့်မဲပေးပါ၊ မဲပေးပြီးက လက်သန်းကိုမင်တို့ပါ။ ဒါဆိုရင်....သင့်မဲပေးခြင်းပြီးပါပြီး...နိုင်ငံသားတာဝန်ကျေပါပြီး...စသည့်အချက်မျာပါဝင်သည့် လက်ကမ်းစာစောင်(၄၀၀)ကို ဖြန့်ဝေခဲ့ကြကြောင်း သိရသည်။
မွန်မလေး(ပြန်/ဆက်)