ကန့်ဘလူမြို့၌ ပုံမှန်အတိုင်း ရောင်းဝယ်ဖောက်ကားလျက်ရှိပြီး ကျောင်းများလည်း ပုံမှန်အတိုင်း သင်ကြား

ကန့်ဘလူ ဒီဇင်ဘာ ၁၀

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့တွင် ဒီဇင်ဘာ ၁၀ ရက်က စျေးများ၊ စာသင်ကျောင်းများ၊ လက်ဖက်ရည်ဆိုင်များ၊ ရုံးများ ပုံမှန်အတိုင်း လှုပ်ရှားဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။

ကန့်ဘလူမြို့ရှိ မြို့မစျေးကြီးတွင် စျေးရောင်းချသူ စျေးဝယ်ယူသူများနှင့်ပုံမှန်ရောင်းချလျက်ရှိပြီး၊ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများတွင် ပုံမှန်စာပေများသင်ကြားနေပြီး၊ စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်များတွင်းလည်း လာရောက်စားသောက်ဝယ်ယူသူများဖြင့် အေးချမ်းတည်ငြိမ်လျက်ရှိကြောင်း သိရသည်။

အောင်ဝင်းငြိမ်း (ကန့်ဘလူ)