ကျိုက်ထိုမြို့နယ်ပြည်သူ့ဆေးရုံ၌ သားအိမ်ခေါင်း ကင်ဆာကာကွယ်ဆေး (HPV) ထိုးနှံ

ကျိုက်ထို  ဒီဇင်ဘာ  ၁၀

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် အနာဂတ်မျိုးဆက်သစ်အမျိုးသမီးငယ်များ၏ ဘဝအေးချမ်းပျော်ရွှင်စွာ ဖြတ်သန်းနိုင်ရန် သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး (HPV) ထိုးနှံခြင်းကို ယမန်နေ့တွင် မြို့နယ်ပြည်သူ့ဆေးရုံ မိခင်နှင့်ကလေးကျန်းမာ‌ရေးဌာန၌ ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ကာကွယ်ဆေးထိုးနှံ‌ပေးရာတွင် မြို့နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ ခွန်မောင်အိုးမှကြီးကြပ်၍ ကျန်းမာရေးဝန်ထမ်းများက အသက် ၉ နှစ်မှ ၁၂ နှစ် အတွင်း အမျိုးသမီးငယ်များအား သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး (HVP) ကို ထိုးနှံပေးခဲ့သည်။

အဆိုပါ ကာကွယ်ဆေးအား မြို့နယ်ကုသ‌ရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒီဇင်ဘာ ၈ ရက်နေ့မှ ၂၀ ရက်နေ့ထိ ထိုးနှံပေးသွားမည်ဖြစ်ပြီး ကျန်းမာရေးဝန်ထမ်းများမှ ကာကွယ်ဆေး ထိုးနှံပြီးပါက ဘေးထွက်ဆိုးကျိုးလက္ခဏာများမဖြစ်စေရန် လိုအပ်သည်များကို ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)