ဇမ္ဗူသီရိမြို့နယ်၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲဆိုင်ရာ မြေစိုက်ပိုစတာ (Billboard)စိုက်ထူခြင်း နှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများ ဆောင်ရွက်

နေပြည်တော် ဒီဇင်ဘာ ၁၀

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူပြည်သူများ မိမိတို့၏ဆန္ဒမဲပေးပိုင်ခွင့်များဆုံးရှုံးမှုမရှိစေရေးအတွက် ရွေးကောက်ပွဲ နှိုးဆော်အသိပညာပေးဆိုင်ရာ မြေစိုက်ပိုစတာ (Billboard) စိုက်ထူခြင်းနှင့် လက်ကမ်းစာစောင် ဖြန့်ဝေခြင်းများကို ယမန်နေ့ နံနက်ပိုင်းက လူစည်ကားရာနေရာများဖြစ်သည့် မြို့မဈေးမီးပွိုင့်၊ ပျဉ်းမနား တောင်ညိုလမ်းနှင့် ရန်မျိုးသန့်စင် လမ်းထောင့်၊ ဇေယျသိဒ္ဓိရပ်ကွက်တွင် စိုက်ထူထားရှိကြောင်း သိရသည်။

အဆိုပါ မြေစိုက်ပိုစတာ(Billboard)စိုက်ထူပွဲတွင် ပျဉ်းမနားခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ ဇမ္ဗူသီရိမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇေနော်ဝင်းနှင့်အဖွဲ့ဝင်(၁) ဗိုလ်မှူးပြည့်ဖြိုးအောင်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ NGO အဖွဲ့အစည်းများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်စာရေးများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်‌နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ နိုင်ငံသားအခွင့်အရေး ဆုံးရှုံးမှုမရှိစေရေး၊ ပြည်သူများအားလုံးပါဝင်၍ လွတ်လပ်စွာဆန္ဒမဲပေးနိုင်ရေး "ဒို့အတူတူမဲပေးကြမယ်" အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယနေ့နံနက်ပိုင်းက ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ မြို့မဈေးကားဂိတ်နှင့် သပြေကုန်းဈေး၊ လူစည်ကားရာနေများတွင် ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။

အဆိုပါ လက်ကမ်းစာစောင်တွင် ရွေးကောက်ပွဲမှသည် ပိုမိုကောင်းမွန်သော အနာဂတ်ဆီသို့၊ ဒီမိုကရေစီကိုပြန်လည်ဖော်ဆောင်ဖို့အတွက် ရွေးကောက်ပွဲမှလွဲ၍ အခြားနည်းမရှိပါ၊ ပြည်သူများ လိုလားသည့် ဒီမိုကရေစီ၊နိုင်ငံတော်ကို ရွေးကောက်ပွဲဖြင့်သာ ဖော်ဆောင်နိုင်ပါသည်၊ ဒီမိုကရေစီ ခိုင်မြဲဖို့ မဲရုံသွားပြီးမဲပေးကြပါစို့၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ ဦးဆောင်နိုင်သူရွေးချယ်ကြပါစို့ ဟူသော အချက်များပါရှိပြီး ပျဉ်းမနားခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ ဇမ္ဗူသီရိမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇေနော်ဝင်းနှင့် အဖွဲ့ဝင်(၁) ဗိုလ်မှူးပြည့်ဖြိုးအောင်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ NGO အဖွဲ့အစည်းများ စုပေါင်း၍ ပြည်သူများအား "ဒို့အတူတူမဲပေးကြမယ်" အသိပညာပေးလက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။

နီလာ(ပြန်/ဆက်)