တပ်ကုန်းမြို့နယ်၌ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာလှုပ်ရှားမှု အထိမ်းအမှတ်ဟောပြောပွဲ ကျင်းပ

တပ်ကုန်း ဒီဇင်ဘာ ၁၁

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ်တွင် မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာလှုပ်ရှားမှု အထိမ်းအမှတ်ဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ကျင်းပသည်။

ဦးစွာ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် အမျိုးသမီးကော်မတီအတွင်းရေးမှူး(ကိုယ်စား) နေပြည်တော်လူမှုဝန်ထမ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သန္တာအေးက အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် ဦးစီးမှူး ဒေါ်မြင့်မြင့်သန်းက Gender Based Violence (GBV) အသိပညာပေးဟောပြောခဲ့ပြီး အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာ လှုပ်ရှားမှုအထိမ်းအမှတ် Video Clip ပြသခဲ့သည်။

ထိုဟောပြောပွဲသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဇေယျနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မူကြိုဆရာမများ၊ ရပ်ကွက်ပြည်သူများ စုစုပေါင်း ၆၅ ဦး တက်ရောက်ကြကြောင်း သိရသည်။

တင်စိုးလွင်