ရွှေဘို ဒီဇင်ဘာ ၁၃
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့၌ ပွင့်လင်းရာသီသို့ ရောက်ရှိလာပြီဖြစ်သဖြင့် ကြိုတင်ကာကွယ်မှု အစီအမံတစ်ရပ်အနေဖြင့် ရွှေဘိုခရိုင် မီးသတ်ဦးစီးမှူး ဦးအေးမြင့်နှင့် မြို့နယ်မီးသတ်ဦးစီးမှူး ဦးအောင်မြတ်တိုးတို့ ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များသည် ဒီဇင်ဘာလ (၁၁)ရက်နေ့နံနက်ပိုင်းက ရွှေဘိုမြို့နယ်အတွင်းရှိ KTV စားသောက်ဆိုင်များသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ရွှေဘိုခရိုင်/မြို့နယ် မီးသတ်ဦးစီးမှူး ဦးဆောင်သော တပ်ဖွဲ့ဝင်များနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ ရွှေဘိုမြို့နယ်အတွင်းရှိ KTV စားသောက်ဆိုင်များသို့ သွားရောက်ပြီး မီးဘေးကြိုတင်ကာကွယ်ရေး ပစ္စည်းများထားရှိမူအား စစ်ဆေးကာ မီးသတ်ဆေးဘူးများ လေပေါင်ပြည့်/မပြည့် (၁)လ (၁)ကြိမ် စစ်ဆေးရန်၊ ဂက်စ်မီးဖိုပိုက်များ ပေါက်ခြင်းရှိ/မရှိ စစ်ဆေးရန်၊ ဂက်စ်အိုးများ မီးဖိုအနီးမထားရန်၊ လျှပ်စစ်မီးကြိုးများအား စနစ်တကျသွယ်တန်းရန်၊ အရေးပေါ်တယ်လီဖုန်း နံပါတ်များကပ်ထားရန်၊ Fire Alarm နှင့် Exit Sign များ တပ်ထားရန်၊ မီးလောင်မူ၊ မီးလန့်မူများဖြစ်ပွားပါက လက်ဦးမူရယူငြှိမ်းသတ်ပြီး အချိန်နှင့်တစ်ပြေးညီ မီးသတ်စခန်းသို့ အကြောင်းကြားရန် အကြံပြုခဲ့ပြီး KTV စားသောက်ဆိုင်ဝန်ထမ်းများကို မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေး၍ မီးသတ်ဆေးဘူး သုံးစွဲမူအား သင်ကြားပြသပေးခဲ့ကြောင်းနှင့် ဆက်လက်၍ အရှိန်အဟုန်မြှင့် စစ်ဆေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)