နေပြည်တော် ဒီဇင်ဘာ ၁၃
၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ လွတ်လပ်ရေးနေ့အကြို အားကစားပြိုင်ပွဲ ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ဒက္ခိဏသီရိမြို့နယ်၊ အမှတ် (၁၉) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။ အခမ်းအနားသို့ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးနေမျိုးလွင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနိုင်ဝင်း၊ တာဝန်ခံကျောင်းအုပ်ဆရာကြီး ဦးဇေယျာဝင်း၊ ဌာနဆိုင်ရာများမှတာဝန်ရှိသူများ၊ ဆရာဆရာမများနှင့် ကျောင်းသားကျောင်းသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနိုင်ဝင်းက အဖွင့်အမှာစကား ပြောကြားပြီး ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ လယ်ဝေးခရိုင်၊ ဒက္ခိဏသီရိမြို့နယ်၊ အမှတ် (၁၉) အခြေခံပညာအထက်တန်းကျောင်း၊ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် လွတ်လပ်ရေးနေ့အကြို အားကစားပြိုင်ပွဲ အလယ်တန်း၊ အထက်တန်းအဆင့် ဘောလုံး၊ ဘော်လီဘော၊ ပိုက်ကျော်ခြင်း၊ ထုတ်ဆီးထိုး၊ ကြက်တောင်ရိုက်၊ သံလုံးပစ်ပြိုင်ပွဲ၊ မူလတန်းအဆင့် အာလူးကောက်၊ မုန့်စား၊ မီတာ (၁၀၀) အပြေး ကျား/မ၊ ခြေကျော်ပြေးပြိုင်ပွဲတို့တွင် ဆုရရှိသူများအား တာဝန်ရှိသူများက ဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
နေထက်ပိုင်(ပြန်/ဆက်)