ပေါင် ဒီဇင်ဘာ ၁၅
မွန်ပြည်နယ်၊ ပေါင်မြို့၌ မုန်လာဥများ တစ်ပိုင်တစ်နိုင် စိုက်ပျိုးရောင်းချ၍ မိသားစုအပိုဝင်ငွေရရှိကြောင်း သိရသည်။
အဆိုပါမုန်လာဥစိုက် တောင်သူများသည် ရာသီအလိုက်သီးပင်၊ စားပင်များကို စိုက်ပျိုးရောင်းချရာတွင် စားသုံးသူများ ဘေးအန္တရာယ်မဖြစ်စေရန် သဘာဝမြေဩဇာအသုံးပြု၍ စိုက်ပျိုးကြပြီး ရောင်းချလျက်ရှိကြောင်း ကျုံကကျေးရွာ မုန်လာဥစိုက်တောင်သူတစ်ဦးထံမှ သိရသည်။
မုန်လာဥများကို ဆောင်းရာသီတွင် အများဆုံးစိုက်ပျိုးပြီး အသီးအရွယ်အစားအလိုက် တစ်စည်းကို (၂၀၀၀)ကျပ်မှ (၂၅၀၀)ကျပ်အထိရောင်းချရကြောင်း၊ မုန်လာဥကို အိမ်ရှင်မများကြိုက်နှစ်သက်၍ အမျိုးမျိုးချက်ပြုတ်စားသောက်ကြောင်း၊ မုန်လာပင်ကိုဥအပြင် အရွက်ကိုလည်းအချဥ်ထည့်၍ စားသုံးကြကာ ကစီဓာတ်ကြွယ်ဝသည့်အပြင် အာဟာရလည်းပြည်စုံသဖြင့် ကြိုက်နှစ်သက်ကြပြီး ဆောင်းရာသီဓာတ်စာအဖြစ် စားသုံးသင့်ကြောင်း သိရသည်။
မွန်မလေး(ပြန်/ဆက်)