ကသာ ဒီဇင်ဘာ ၁၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်တွင် ခရိုင်အဆင့် ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၉:၃၀) နာရီအချိန်က ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်စွာထွန်းက အမှာစကားပြောကြားရာ၌ စီမံကိန်းလုပ်ငန်းများဆောင်ရွက်နေမှု၊ အခွန်အခ ကိစ္စရပ်များ၊ ဆောင်းသီးနှံများစိုက်ပျိုးလျာထားဧကပြည့်မှီရေး၊ ဆီထွက်သီးနှံလျာထားဧက ပြည့်မီစေရေး၊ ဝန်ထမ်းများခရီးသွားလာခြင်းကိစ္စရပ်များနှင့်ပတ်သက်၍ လိုက်နာဆောင်ရွက်ရမည့် ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်ဖို့လိုအပ်ကြောင်း၊ ပွင့်လင်း ရာသီရောက်ရှိလာပြီဖြစ်၍ ဌာနဆိုင်ရာများ၏ ရုံးတွင်း၊ ရုံးပြင်သန့်ရှင်းရေးကိစ္စရပ်များ၊ မီးဘေးလုံခြုံရေးကိစ္စရပ်များကို အလေးထားဆောင်ရွက်သွားရန်၊ လွတ်လပ်ရေးနေ့ အခမ်းအနား ကျင်းပရေးနှင့် အွန်လိုင်းလောင်းကစားကိစ္စရပ်များတွင် ဌာနဆိုင်ရာဝန်ထမ်းများ ပါဝင်ပတ်သက်မှုမရှိစေရေးတို့ကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်လာကြသည့် ဌာနဆိုင်ရာများက စီမံကိန်းလုပ်ငန်းများနှင့်ပတ်သက်၍ သက်ဆိုင်ရာဌာနများအလိုက် အသီးသီးတင်ပြဆွေးနွေး ခဲ့ကြသည်။
ထို့နောက် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌက တင်ပြဆွေးနွေးချက်များအပေါ် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်းနှင့် အဆိုပါလုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)