စစ်ကိုင်း ဒီဇင်ဘာလ ၁၆
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးညွန့်ဝင်းအောင်၊ ခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းတွင် မန္တလေးငလျင်ကြီးလှုပ်ခတ်ခဲ့မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ရာဇမဏိစူဠာကောင်းမှုတော်စေတီတော်မြတ်ကြီး၏ တောင်ဘက်စောင်းတန်းနှင့် မုခ်ဦး အသစ်ပြန်လည်တည်ဆောက်နေမှု၊ စေတီတော်မြတ်ကြီး ဘက်စုံပြန်လည်ပြုပြင်မွမ်းမံနေမှုများအား ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းများနှင့်ပတ်သက်၍တာဝန်ယူဆောင်ရွက်နေသည့် လုပ်ငန်းအဖွဲ့များ၊ ဂေါပကအဖွဲ့များနှင့်တွေ့ဆုံ၍လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် လူမှုရေးရာဝန်ကြီးဦးညွန့်ဝင်းအောင်နှင့် တာဝန်ရှိသူများသည် မန္တလေးငလျင်ကြီးလှုပ်ခတ်ခဲ့မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဆွမ်းဦးပုညရှင်စေတီတော်နှင့် သာသနာ့ဗိမာန်တော်ကြီး ပြန်လည်ပြုပြင်မွမ်းမံနိုင်ရေး လုပ်ငန်းများနှင့်ပတ်သက်၍ တာဝန်ယူဆောင်ရွက်နေသည့် လုပ်ငန်းအဖွဲ့များ၊ ဂေါပကအဖွဲ့များနှင့်တွေ့ဆုံ၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
နေလင်းအောင်(ပြန်/ဆက်)