ကျွန်းလှ ဒီဇင်ဘာ ၁၇
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ယခုနှစ်မိုးရာသီစိုက်ပျိုးခဲ့သော အောင်နိုင်တိုး မိုးစပါး မျိုးစေ့ထုတ်စံပြကွက် ခေါင်နှံရွေးချယ်ခြင်းနှင့် စံကွက်ရိတ်သိမ်းခြင်း ကွင်းသရုပ်ပြပွဲကို ဒီဇင်ဘာ ၁၅ ရက်နံနက် ၈ နာရီက ရှမ်းစုကျေးရွာ၊ ကွင်းအမှတ် (၄၉၆) ၊ တောင်သူ ဒေါ်မာမာအေး၏ စပါးစိုက်ခင်း တစ်ဧက၌ ကျင်းပသည်။
ထိုသို့ ဆောင်ရွက်ရာတွင် အောင်နိုင်တိုးစပါးစိုက်ခင်းအား ခေါင်နှံရွေးချယ်ပြီး စံကွက်ရိတ်သိမ်းကြရာ တစ်ဧက ပျှမ်းမျှစပါးအစို (၉၉ ဒသမ ၅၈) တင်းထွက်ရှိကြောင်း၊ စပါးမျိုးများကို ဒေသခံတောင်သူများအား ဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ကွင်းသရုပ်ပြပွဲသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဘုန်းမြင့်နိုင်နှင့် တာဝန်ရှိသူများ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူး ဒေါ်မြင့်မြင့်ရီနှင့် ဝန်ထမ်းများ၊ တောင်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မျိုးဝင်းညို(ပြန်/ဆက်)