ကလေးမြို့တွင် အမျိုးသမီးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးကဏ္ဍအကြောင်း အသိပညာပေး Talk Show ကျင်းပ

ကလေး ဒီဇင်ဘာ ၁၇

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင်  အမျိုးသမီးနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးကဏ္ဍအကြောင်း အသိပညာပေးဆွေးနွေးပွဲ Talk Showကို ယမန်နေ့မွန်းလွဲပိုင်းက လူထုအခြေပြုဗဟိုဌာန (Community centre)၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ ကလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးတွာလ်ဆွင်းဗန်က Talk Show ကျင်းပခြင်းနှင့်ပတ်သက်၍ ဦးစွာပြောကြားခဲ့ပြီး‌ ကလေးခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ  ဒေါ်ပြည့်ပြည့်ဝင်း အမျိုးသမီးနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးကဏ္ဍဆိုင်ရာ ရည်ရွယ်ချက်များ၊ အမျိုးသမီးများ ပါဝင်‌ဆောင်ရွက်သင့်သည့်အချက်များ၊ အမျိုးသမီးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ဂရုပြုလိုက်နာကြရမည့်အချက်များ၊  ပတ်ဝန်းကျင်ညစ်ညမ်းမှုနှင့်ပြဿနာများ၊ အမျိုးသမီးနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ပူးပေါင်းပါဝင်ဆောင်ရွက်ကြရမည့် အကြောင်းအရာများကို ပြောကြားခဲ့သည်။

ကလေးခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ပြည်သူများအသိဉာဏ်ပညာ ဗဟုသုတများ တိုးပွားနိုင်စေရန်အတွက် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လုပ်ငန်းရှင်များ၊ စာပေမြတ်သူနိုးသူများဖြင့် Online Talk Showများ၊  စာဖတ်ဝိုင်း၊ အသိပညာပေး ဆွေးနွေးများနှင့် သင်တန်းများကို အပတ်စဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)