မွန်ပြည်နယ် ရေးမြို့နယ် လမိုင်းမြို့တွင် ရေပြည့်ချိန် လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်များ ပျက်စီးမှုဖြစ်ပွား

လမိုင်း သြဂုတ်  ၅

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ လမိုင်းမြို့၌ ယမန်နေ့ညနေက ကုလားကုတ်ကျေးရွာအုပ်စု၊ ပသျှူးချောင်းကျေးရွာတွင် ရေပြည့်ချိန် လေပြင်းတိုက်ခတ် ပြီး ပင်လယ်ရေလှိုင်းပုတ်ခတ်မှုကြောင့် ဓနိမိုး၊ ဓနိကာ၊ မျှောတိုင်၊ ဝါးတို့ဖြင့် ဆောက်လုပ်ထားသော လူနေအိမ်များနှင့် ငါးလှန်းကြပ်စင်များ ပြိုကျ ပျက်စီးခဲ့ပြီး လူနှင့် တိရစ္ဆာန်များ ထိခိုက်မှုမရှိကြောင်းနှင့် လူနေအိမ်ရှိ အိမ်ထောင်စုဝင်များမှာ နီးစပ်ရာဆွေမျိုးများနေအိမ်တွင် ယာယီတည်းခို နေထိုင်လျက်ရှိကြောင်း သိရသည်။

လမိုင်း(ပြန်/ဆက်)