ကလေးဝမြို့တွင် (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဝန်ထမ်းပေါင်းစုံ ပိုက်ကျော်ခြင်းပြိုင်ပွဲ ပြုလုပ်

ကလေးဝ ဒီဇင်ဘာ ၂၆

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့တွင် (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဝန်ထမ်းပေါင်းစုံ ပိုက်ကျော်ခြင်းပြိုင်ပွဲကို ဒီဇင်ဘာ ၂၅ ရက်နေ့ နံနက် ၁၀ နာရီက ပြည်သူ့အားကစားကွင်းရှိ မိုးလုံလေလုံအားကစားရုံး၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတင်ဇော်ဇော်အောင်က အဖွင့်အမှာစကား ပြောကြားပြီး ပိုက်ကျော်ခြင်းပြိုင်ပွဲကို စတင်ယှဉ်ပြိုင်ကစားခဲ့ကြသည်။

အဆိုပါ အလွတ်တန်း ပိုက်ကျော်ခြင်းပြိုင်ပွဲကို အသင်း (၉) သင်း ပါဝင်ယှဉ်ပြိုင်ကြရာ အုပ်စု (၂) စုခွဲ၍ ပြိုင်ပွဲအား ပတ်လည်ယှဉ်ပြိုင်ခဲ့ပြီး ပြိုင်ပွဲ၌ ဆုရရှိသည့် အသင်းများအား (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနား၌ ဆုများ ချီးမြှင့်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)