ကသာမြို့တွင်မဲရုံများ ခင်းကျင်းပြင်ဆင်ထားမှုနှင့်စမ်းသပ်မဲပေးခြင်းများ ဆောင်ရွက်

ကသာ ဒီဇင်ဘာ ၂၈

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့တွင် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲရုံများ ခင်းကျင်း‌ဆောင်ရွက်ထားမှုနှင့် စမ်းသပ်မဲ‌ပေးခြင်းများ‌ဆောင်ရွက်မှုတို့ကို ယမန်နေ့နံနက်(၉)နာရီက ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့များက ကွင်းဆင်း၍ လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်စွာထွန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသန်းထွန်းနှင့်အဖွဲ့ဝင်များနှင့်ပါတီအသီးသီးမှ လွှတ်တော်ကိုယ်စားလှယ်လောင်းများက ရွေးကောက်ပွဲအတွက် မဲရုံများခင်းကျင်းပြင်ဆင်‌ဆောင်ရွက်ထားရှိမှုအ‌ခြေအနေများကို ကြည့်ရှုပြီး မဲပေးစက်များတွင် စမ်းသပ်မဲများပေးကာစမ်းသပ်ခဲ့ကြသည်။

ကသာမြို့နယ်တွင်ဒီဇင်ဘာ(၂၈)ရက်နေ့၌ ကျင်းပမည့် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို မဲရုံ(၁၈)ရုံတွင်ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)