ကလေးမြို့တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ပြည်သူများ လာ‌ရောက်ဆန္ဒမဲပေး

ကလေး ဒီဇင်ဘာ ၂၈

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ဒီဇင်ဘာလ ၂၈ ရက်နံနက် ၆ နာရီအချိန်၌ မဲရုံများဖွင့်လှစ်ပြီး စတင်ကျင်းပလျက်ရှိရာ မဲရုံအသီးသီး၌ ပြည်သူများစနစ်တကျတန်းစီ၍ ဆန္ဒမဲပေးလျက်ရှိကြောင်း သိရသည်၊၊

ထိုသို့ဆောင်ရွက်ရာ မဲရုံမဖွင့်လှစ်မှီ မဲရုံတာဝန်ရှိသူများက လွှတ်တော်တစ်ရပ်စီအတွက် ထိန်းချုပ်စက်၊ ဆန္ဒပြုစက်နှင့် မဲပေးချက်ဖော်ပြသည့်စက်တို့ပါဝင်သော အီလက်ထရောနစ် မဲပေးစက်(MEVM)တို့ကို စနစ်တကျတပ်ဆင်ကာ မဲရုံမှူးကမဲဆန္ဒရှင် ပြည်သူများမှ လွှတ်တော် အသီးသီးအတွက် လျှို့ဝှက်ဆန္ဒပြုခန်းများ၌ ပျော်ရွှင်စွာဆန္ဒပြုခဲ့ကြကြောင်း သိရသည်။

ကလေးမြို့နယ်တွင် ရပ်ကွက် ၁၂ ရပ်ကွက်၊ ကျေးရွာအုပ်စု ၉ အုပ်စု၊ မဲရုံပေါင်း ၆၀ ရုံရှိပြီး မဲဆန္ဒရှင်ဦးရေပေါင်း (၉၁၇၇၃)ဦးရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံမှသိရသည်။ ပြည်သူများ မဲရုံအသီးသီးတွင် အေးချမ်းပျော်ရွှင်စွာ ဆန္ဒမဲပေးနေမှုများအား ကလေးခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဦးမိုးထက်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကီးခွီးရှိန်နှင့် တာဝန်ရှိသူများက လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သိရသည်၊၊

ခရိုင်(ပြန်/ဆက်)