စစ်ကိုင်း ဒီဇင်ဘာ ၂၈
စစ်ကိုင်းမြို့တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ယနေ့နံနက် ၆ နာရီအချိန်၌ မဲရုံများဖွင့်လှစ်ပြီး စတင်ကျင်းပလျက်ရှိရာ မဲရုံအသီးသီး၌ ပြည်သူများ စနစ်တကျတန်းစီ၍ ဆန္ဒမဲပေးလျက်ရှိကြောင်း သိရသည်၊၊
စစ်ကိုင်းမြို့နယ်တွင် ရပ်ကွက် ၂၃ ရပ်ကွက်၊ ကျေးရွာအုပ်စုခြောက်အုပ်စု၊ မဲရုံပေါင်း ၅၂ ရုံရှိပြီး မဲဆန္ဒရှင်ဦးရေပေါင်း (၈၃၄၉၉) ဦးရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်၊၊
ပြည်သူများ မဲရုံအသီးသီးတွင် ဆန္ဒမဲပေးနေမှုများအား စစ်ကိုင်းခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်စွာမောင်စိုးနှင့် တာဝန်ရှိသူများက လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သိရသည်၊၊
နေလင်းအောင် (ပြန်/ဆက်)