တမူး ဒီဇင်ဘာ ၂၈
စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ဒီဇင်ဘာ ၂၈ ရက် နံနက် ၆ နာရီကစတင်ကျင်းပရာ မဲရုံများ၌မဲဆန္ဒရှင်ပြည်သူများက စနစ်တကျဆန္ဒမဲပေးလျက်ရှိကြောင်းသိရသည်။
တမူးမြို့နယ်အနေဖြင့် ရပ်ကွက်လေးခု၊ ကျေးရွာအုပ်စုတစ်ခုတွင် မဲရုံပေါင်း(၂၆)ရုံ ဖွင့်လှစ်ထားရှိပြီး မဲဆန္ဒရှင်ပြည်သူ စုစုပေါင်း (၃၇၂၅၃)ဦးရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။
ရတနာ